အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Saturday 27 April 2013
ဘဝလှေကားထစ်များ တက်လှမ်ခြင်း
နေသာလေအေး၊ချိန်ခါလေးတွင်
စိတ်အစဉ်မှာ၊ကြည်သာနိုးထ
လုံးလဇွဲထပ်၊မိုးယံထက်ရည်
ဝတိံဆီမှန်း၊ကျငှန်းဌာနေ
စိတ်ကိုစေလျှက်၊ချီတက်လေလော့။
ဘဝတစ်ထွာ၊တို့ လူ ရွာမှာ
ပွေလီခက်လက်၊အတက်အဆင်း
လှေကားရင်းမှ၊ထွဋ်ခေါင်ဖျားဆီ
ပြန့် ပြူးညီညာ၊ဘယ်ခါမရှိ
ဤသည်နှယ်ကား၊အားထုတ်ကြိုးစား
မညှိုးဆန္ဒ၊လောကရေးရာ
 လောကုတ္တရာ၊နှစ်ဖြာညီမျှ
 ချိန်ဆတက်လှမ်း၊လောကလမ်းဝယ်...
ဘေးမသွယ်အောင်၊ကျင့်ဆောင်ပါမှ
ဘ၀အစစ်၊လှေကားထစ်တို့ 
မြဲလို့ ခိုင်မာ၊တက်နိုင်မည်သာ။
ဘ၀နေ၀င်၊အချိန်တွင်မှ
နောင်တတစ်ထွေး၊ဆောင်ယူပြေးသို့ 
ဒုက္ခတစ်သိုက်။ရင်မှာပိုက်လို့ 
ဇရာကထောင်း၊မရဏကျောင်းကို
ဝင်အံ့စဲခါ၊ပြင်ပါမည်လည်း
ဆွဲထားမရ၊သွားရမည်သာ။....။
*****~~~~~~~~*****
Thursday 18 April 2013
တူမောင်နှံချစ်ပွဲဝင်ရေး
တောဝေဟင်လယ်၊ခင်ငယ်သက်လယ်
မျက်ခြယ်တော်မှူး၊ချစ်တမ်းကျူးမယ်
မခွဲတူကွယ်၊ကြည်ဖြူလို့ ရယ်
မောင်နဲ့ ယှဉ်ကာ၊လိုက်မယ်သာပြင်
နဒီမြစ်မင်း၊ချစ်ပန်းခင်းဝယ်
ရေတံခွန်သံ၊စီးလို့ ညံတယ်
စခန်းမြိုင်ထဲ၊ရစ်ဝဲလို့ ရယ်
အလှသွေးစုံ၊ရဂုံသာငယ်
မေနဲ့ ချစ်ပွဲ၊နွှဲစဉ်ခါမယ်
ရာဇဘုရင်၊ဧကရာဇ်ရယ်
 ရက်စက်လေအား၊သနားမညှာ
လေးတော်ပစ်ခွင်း၊သေစေခြင်းနဲ့ ရယ်
မောင့်ဒါလီရေ၊မရဏမင်း
ပြိုင်စစ်ခင်းသော်၊မလျော်တော့တယ်.......
အော်..ခွဲရက်ပါဘိ၊အရှင်ရာဇာ
ကြင်နာကင်းလို့ ၊ညှင်းရက်လေတယ်
ပျိုအသည်းထဲ၊စွဲရသူမောင်
မြှားဆိပ်ကယ်ထူး၊စူးနင့်လို့ ပေ
ဗွေဗျာသောသော၊သူမောတော့ခါ
ဖြေကာမသာ၊ဝေဒနာသည်း
ငိုပွဲကမြိုင်၊သူမခံနိုင်
ယိုင်ကာပင်လဲ၊ရင်ကွဲလို့ လေ
ချစ်သူမြေကို၊လိုက်လေပါတော့တယ်..........
လေးစားလျှက် ရင်ခုန်ရသူ  
Monday 15 April 2013
နှစ်သစ်ရဲ့ သင်္ကြန်
ပိတောက်တစ်ခက် ရနံ့ သက်စွာ
မေ့ဆံညှာဦး ရွှေရည်လူးသို့ 
နေခြည်ဖူးသစ် တစ်နှစ်သစ်ကာ
ခေတ်အခါတွေ ဘယ်လိုထွေစေ
တို့ နေမြန်မာ မာယာမရှိ
ယဉ်ကျေးသည့်သာ ။...။
ရေသဘင်ပွဲ ခြိမ့်ခြိမ့်သဲတော့
ယိမ်းသမနဲ့  သင်္ကြန်ရဲ့ဒိုး
ဘယ်ခါမညှိုး ဆတိုးသစ်လွင်
အပျက်စင်အောင် ချစ်ဆွေနောင်များ
ရွှေပြည်တန်ဖိုး ချစ်မြတ်နိုးမှ
လှပမည်သာ။...။
နွေလေမြူးတွေ သင်းလေတော့လည်း
လျှောက်မြဲလျှောက်မယ် ပိတောက်ရယ်
နှစ်သစ်မှာဖြင့် မာန်ဝင့်ကာ လေ
ပွင့်လန်းစေချင် ရေစင်ပွဲနဲ့ 
ရှင်းသန့် လျှက်သာ။....။
ရင်ခုန်ရသူ(15.4.2013)
Sunday 7 April 2013
***+ငါ+***
ငါ့မှာလည်းငါ၊သူ့မှာငါနှင့်
ငါ့ငါသူ့ငါ၊တွေ့ကြခါဝယ်
ငါနှင့်ငါဆင်း၊ငါစစ်ခင်းလျှက်
ပူပြင်းလျံရဲ၊ငါပေါက်ကွဲ၏။
ငါကောင်းကိုရှာ၊ငါဆိုးခွာသော်
ကွာလေသည်သို့၊ဖြစ်သမြို့လည်း
Tuesday 2 April 2013
***တောမီး***
လေပြင်းကထန်ထန်တိုက်
သစ်ရွက်တွေမြေမှာကျဲ
တကွဲတပြားစီနဲ့
တောကြောင်တွေကလက်ခမောင်းခက်
ပြောင်လက်လက်ဓါးသွားလို
မှုံရိုနေတဲ့ဒီတော
ဝါးနဲ့သစ် စစ်ဖြစ်ကာနွှဲ
မီးစစွဲလို့တောကိုလောင်
မိုးယံမှာမှောင်မိုက်ဖယ်
ကြမ္မာငယ်တဲ့ဒီတော
မီးအသောနဲ့နိဌာရုံ
ဟိုနားကတစ်ခါမြိုက်
သည်နားကတစ်ခါလောင်
တောနေသတ္တဝါတွေတောင်
မျက်မှောင်ကုတ်တုန်လှုပ်နေရ
တောင်စဉ်ကကျတဲ့ရေတံခွန်က
ရပ်တန့်ရတော့မလို
အို--သည်မီး
ဒီတောကိုလောင်တဲ့မီးရယ်
ဒီတောကိုမျက်နှာငယ်စေချင်တာလား
ကံတရားနဲ့ဖန်ဆရာများ
တောသူတောင်သား
တစ်သားတည်းကျပါစေကွာ။။
လေးစားလျှက်
ရင်ခုန်ရသူ(2.4.2013)
Followers