အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday, 18 April 2013

တူမောင်နှံချစ်ပွဲဝင်ရေး

တောဝေဟင်လယ်၊ခင်ငယ်သက်လယ်
မျက်ခြယ်တော်မှူး၊ချစ်တမ်းကျူးမယ်
မခွဲတူကွယ်၊ကြည်ဖြူလို့ ရယ်
မောင်နဲ့ ယှဉ်ကာ၊လိုက်မယ်သာပြင်
နဒီမြစ်မင်း၊ချစ်ပန်းခင်းဝယ်
ရေတံခွန်သံ၊စီးလို့ ညံတယ်
စခန်းမြိုင်ထဲ၊ရစ်ဝဲလို့ ရယ်
အလှသွေးစုံ၊ရဂုံသာငယ်
မေနဲ့ ချစ်ပွဲ၊နွှဲစဉ်ခါမယ်
ရာဇဘုရင်၊ဧကရာဇ်ရယ်
 ရက်စက်လေအား၊သနားမညှာ
လေးတော်ပစ်ခွင်း၊သေစေခြင်းနဲ့ ရယ်
မောင့်ဒါလီရေ၊မရဏမင်း
ပြိုင်စစ်ခင်းသော်၊မလျော်တော့တယ်.......
အော်..ခွဲရက်ပါဘိ၊အရှင်ရာဇာ
ကြင်နာကင်းလို့ ၊ညှင်းရက်လေတယ်
ပျိုအသည်းထဲ၊စွဲရသူမောင်
မြှားဆိပ်ကယ်ထူး၊စူးနင့်လို့ ပေ
ဗွေဗျာသောသော၊သူမောတော့ခါ
ဖြေကာမသာ၊ဝေဒနာသည်း
ငိုပွဲကမြိုင်၊သူမခံနိုင်
ယိုင်ကာပင်လဲ၊ရင်ကွဲလို့ လေ
ချစ်သူမြေကို၊လိုက်လေပါတော့တယ်..........
လေးစားလျှက် ရင်ခုန်ရသူ  

No comments:

Followers