ငါ့မှာလည်းငါ၊သူ့မှာငါနှင့်
ငါ့ငါသူ့ငါ၊တွေ့ကြခါဝယ်
ငါနှင့်ငါဆင်း၊ငါစစ်ခင်းလျှက်
ပူပြင်းလျံရဲ၊ငါပေါက်ကွဲ၏။
ငါကောင်းကိုရှာ၊ငါဆိုးခွာသော်
ကွာလေသည်သို့၊ဖြစ်သမြို့လည်း
ခေါင်းလျှိုးကိုယ်ခွေ၊ပခြုပ်ဗွေ၌
ငန်းမြွေမခြား၊နှဲသံကြားလျှင်
ပါးပျဉ်းထောင်လျှက်၊ငါသည်ထွက်၏။
အို-ဖွားဘက်ငါ၊အသင်ငါနှင့်
ငါမလျှော့တမ်း၊အားမာန်စမ်းအံ့
အစွမ်းသာသူ၊ပန်ဆွတ်ယူလိမ့်
ငါမူငါ့ကိုအောင်မည်လော--
ငါ့ကိုငါကအောင်မည်လော---
မင်းသုဝဏ်(1982)
No comments:
Post a Comment