အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 7 February 2013

***ညအလှနဲ့လပြည့်ဝန်း***

ချစ်စရာ မြင်ကွင်းပါလော့

လေအသော့မှာ တိမ်ရိပ်ဆင်

ငွေစင်လိုဖြူဖြူဖွေးလို့

ကျူကျူမွှေးတဲ့ပန်းမာလာ

ကြယ်တာရာ ဝန်းရံခ

ညီလာခံဆင်နွှဲကြသလို

အဘိုးအို သူဆန်ဖွတ်တယ်

ယုန်ဖြူငယ်ဝပ်ကာပေါ့

တစ်ကျော့နှစ်ကျော့တေးကိုသီ

ရွှေရောင်ခြည် စိုစိုဖြန်းပါ၍

ချမ်းမြေ့မြေ့ ဘဝင်နန်းမှာ

သွင်ဆန်းလှ လပြည့်ဝန်း။

တစ်သွင်ဆန်းပါ့စက္ခုရုံ

တူစုံနှံ ယှဉ်ကာနွှဲပါလို့

လင်းတစ်ခါ လက်တစ်လှည့်ရယ်နဲ့

နှင်းဝတ်လွှာ မျက်ကောဇောထက်

ပျော်တော်ဆက်နေကြဟန်

ခေါက်တုံ့ပြန် ကျီစယ်လေသလား

ထင်မှားစရာ့ပိုးစုန်းမောင်နှံ။

အိမ်ရှေ့နားချောင်းကလေးမှာ

စမ်းရေယဉ်သွင်သွင်စီးသံက

ဖြိုးဖြောက်ကယ်သံစုံမြည်လို့

ရော်ရွက်တို့ကျသံညီ

ပုရစ်ငယ် လီလီအော်၍

ခုံတန်းဆီမှငေးမျှော်မိပေါ့

အလွမ်းသော့ည လပြည့်ဝန်း။

လေးစားလျှက်

2 comments:

မိုးနတ်ကြယ်စင် said...

ချစ်စရာ မြင်ကွင်းပါလော့
လေအသော့မှာ တိမ်ရိပ်ဆင်
ငွေစင်လိုဖြူဖြူဖွေးလို့
ကျူကျူမွှေးတဲ့ပန်းမာလာ
ကြယ်တာရာ ဝန်းရံခ
ညီလာခံဆင်နွှဲကြသလို.....

ချစ်စရာကောင်းလိုက်တဲ့ အဖွဲ့လေးရယ် :)

စံပယ်ချို said...

ငွေစင်လိုဖြူဖြူဖွေးလို့ ကျူကျူမွှေးတဲ့ပန်းမာလာ ကြယ်တာရာ ဝန်းရံခ----
စာသားလေးတွေဘယ်လိုများရှာတွေ့သလဲ---
နုရွနေတာပဲ ကာရံလေးတွေကလဲလိုက်ဖက်လှပါပေတယ်

Followers