....ကျွီ..................
အသံ၇ှည်ကြီးနားထဲစူးစူးရှရှ ဝင်ရောက်နေရာယူလိုက်၏။
အသံချဲ့ စက်ဂေါ်လံကြီးမှထွက်လာသော...အသံဖြစ်လေသည်။ထိုအသံရပ်သွားသည်နှင့်...တစ်ပြိုင်
နက်.......မေတ္တာနိသာကတော လောကီသမ္မာ ဗန္တု သုခံကတော မေတ္တာသီတလ ဒံသီဟိ သုခန္တု
ပုသိတာ ပစာ...ဟုအစိချီကာ..မေတ္တာပို့ ၍
ပေးတော်မူလာသော ရွာဦးကျောင်းဆရာတော် ဘုရား၏ မေတ္တာပို့  လင်္ကာသံထွက်ပေါ်လာလေ
သည်။အ၇ှင်ဘုရား သည်မေတ္တာပို့ ၍ပေးပြီးနောက်မှာ တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာမြန်မာ
လူမျိုးတို့ေ၇ှးဘိုးဘေးဘီဘင်ကစလာခဲ့သော တန်ဆောင်တိုင် ပွဲများ ခင်းကျင်းကြပုံနှင့်
တန်ဆောင်မုန်းလတွင် ကောင်းမှုပြုရလေ့၇ှိသော ကထိန်ခင်းခြင်း၏ အကျိုးကျေးဇူးများကို ၇ှင်း
ပြပေးတော်မူ၏။အလှူမှာ ကထိန်..ဘုရားမှာစိန်...ကျောင်းမှာသိမ် ဆိုသည့်ပင် အလှူတို့ တွင်
ကထိန်အလှူသည် မည်မျှပင်မြတ်ကြောင်း..သို့ လောသို့ လော ရှင်းပြပေးလေသည်။
ထို့ နောက် တန်ဆောင်တိုင်ပွဲတော်ကို..ကျင်းပကြရန် ကာလသား လူငယ်မောင်မယ်၊သက်ကြီး၇ွယ်
အို လူကြီးသူမများကို ဆော်အော၍ ပေးပါသည်။သိုနှင့်  နောက်တစ်ရက်မှာ...ရွာသူကြီး ဦးလေး
ဦးမြင့်သိန်းက တန်ဆောင်တိုင်အတွက်တာဝန်ခွဲချပေး၇န် သံချောင်းခေါက်ကာ တစ်အိမ်လျှင်တစ်
ယောက် တက်ရောက်ပေးဖို့ ဆင့်ခေါ်ပါသည်။ ဒီလိုနှင့် ညကိုရောက်လာခဲ့ပါသည်။ ကျနော်လည်း
အစောတလင်ပင် သူကြီးအိမ်သို့ ရောက်ခဲ့ပါ။ ကျနော်ရောက်သွားသောအခါ လူမစုံသေးပါ။
အချိန်စောသေး၍ဖြစ်မည်။
ကျနော်လည်းလူမစုံသေးခင် ဦးလေးဦးမြင့်သိန်းအား ကပ်၍ တီးတိုး စကားတခွန်းပြော
လိုက်သည်။"ဦးလေး ကျနော်တို့ ဒီနှစ် ကလေးတွေအတွက် တန်ဆောင်တိုင်ညမှာ ဆိုကြမယ်
ကကြမယ် ပျော်ကြမယ် အစီစဉ်လေး ထည့်ပေးရင်မကောင်းဘူးလား"ဟု ဆိုလိုက်သည်။
အင်းကောင်းသာပဲကျောင်းဆရာလေးရ ဒါနဲ့ ကလေးတွေ ဆိုဖို့ ကဖို့ ကို ဘယ်သူတွေကတာဝန်ယူ
ကြမလဲ။ ဟုတ်ဦးလေး ဒါအတွက်တော့မပူပါနဲ့  ကျနော်တို့ ဆရာ၊ဆရာမတွေကပဲ ဆိုင်ရာအတန်း
တွေကိုတာဝန်ယူရမှာပေါ့ ဦးလေးရ။ဟုတ်ပါ့မလားကျောင်းဆရာမတို့  တရာတို့ ရယ်...
ဖြစ်နိုင်ပါတယ်ဟူသော ဆရာမများ၏ထောက်ခံသံပါလာ၍ ကျနော်ပိုပြီး အားတက်ခဲ့ပါသည်။
ဆရာမတွေကလည်း ဝါသနာဗီဇက မနေသာတော့ လိုက်၍ထောက်ခံကြသည်ဟုထင်ပါသည်။
ဒီလိုနဲ့ ကလေးတွေအတွက် အချိန် ၇ရက်၈ရက်လောက်ယူကာ ကျောင်ချိန်ပြီးသည်နှင့်
ဆိုင်ရာအခန်းတို့ တွင် ကက်စက်သံများ ထွက်ပေါ်ကာ ....ဟဲ့ သမီး ...ခါးလေးကဒီလိုလှုပ်....
အေးဟုတ်တယ်ခေါင်းကဒီလို ငြိတ်....လက်လေးကဒီလိုကွေး....တစ်ယောက်တစ်မျိုး နှင့် အသံတွေ
ပွက်ပွက်ညံရ၍ ကလေးတွေကိုကြည့်ရင်း ချွေးစို့ စို့ ကြားက ဆရာတွေရဲ့ ပီတိအပြုံးတွေကိုလည်း
တစ်ဖန်မြင်တွေ့ ရသေးသည်။ကျနော် ရဲ့ တပည့်ကျော် လေးများက discoမှကချင် ပါတယ်ဆိုသော
ကလေးတွေကို ကျနော်ကိုယ်တိုင်တီထွင် ဖန်တီးထားသော ကကွက်အသစ်းအဆန်းများ...
(ဘယ်သူမှမကဖူးတဲ့ ကကွက်လေ) ကိုသင်ပြပေး၇သေးသည်။ဟိတ်ကောင် ကိုထူး...မင်းလက်က
ဒီလိုဘေးကိုတန်းတန်း ဆန့်လေကွာ...ကိုထူးကလေးက ဟုတ်ကဲ့ဆရာ....ဟုပြောကာ...
ပြောပြတဲ့အတိုင်း...ကလိုက်သည်။ခဏနေ ပြန်၍ မကတတ်တော့ပြန်...စိတ်၇ှည်၇ှည်နှင့်သင်ပေးရ
ပြန်လေသည်။
ဒီလိုနှင့် အချိန်က လပြည့်နေ့ ကိုရောက်လာတော့သည်။မနက်ပိုင်းတွင် ရွာဦး ဘုန်တော်
ကြီးကျောင်းတွင် ကထိန်သင်္ကန်းကပ်၍ ကျေး၇ွာ၏ စုပေါင်ကထိန်း တရားတော်နာ ရေစက်ချကြ
သည်၊ တရားနာ ကြသော ဧည့်သည်ပရိတ်သတ်တွေအတွက် လဘက်၊ရေနွေးကြမ်းတို့ ကို..
ကာလသားလူငယ်မောင်မယ်တို့ က ဒါနပြုကြပြန်လေသည်။အလှူပြုမှုတွေ ပြည့်လျှံလို့ နေသော
ရွာ၏ အလှအပ ပသာဒပင်မဟုတ်ပါလော...။
အချိန်များမကြာမှီမှာ ညသို့ ဦးနှင်လာခဲ့လေသည်....။ရွာအေ၇ှ့ ဘက်ထိပ်တွင်ရှိသော....
မူလတန်းလွန် ကျောင်းဝန်းထဲတွင်..စတိတ်ဆင် ကြီးကလည်းခန့်ခန့် ကြီး နှင့် ပျော်ချင်လို့ ထင်ပါပေ့။
ကျေးရွာထဲက လူတွေကလေးတွေ ကလည်း တစတစနှင့် ဆိုကြကကြပျော်ကြတာကို အားပေး၇န်
နေရာယူ နေကြလေသည်။ဦးလေး အောင်မြင့်တို့ တသိုက်ကလည်း မီးပုံးပျံလှလှလေးတွေကို
ကိုယ်တိုင်ဖန်တီးထားသောကြောင့် လက်စွမ်းပြချင်နေကြလေသည်။ ခဏကြာတော့ လူတွေ..
ကာလသားတွေကလည်းစုံလာကြတော့....မီးပုံးပျံကြီး မီးစာ စ၍ ညှိကြလေသည်။
ဟော...မီးပုံးပျံကြီးက တဖြေးဖြေးနဲ့  အလုံးအကြီးကြီး ဖြစ်လာပါပြီး...။တဖြေးဖြေးနဲ့
မှိုင်းကလည်းယလာပြီဟုထင်ပါသည်။အပေါ်ကိုတက်ချင်နေပြီ။လူတွေကတဖြေးဖြေးနဲ့  အသံထွက်
ပြီး စညာခာပါတော့သည်။ ဟေ့...ဟေ့...ဟေ့...ဟေ.......ညာသံတွေကတဖြေးဖြေးနဲ့ ပိုပြီးကျယ်
လောင်လာကြသည်နှင့် မီးပုံပျံကိုင်ထားသော ဦးလေး အောင်မြင့်သည် နောက်ဆုံးညာသံတစ်ချက်
အေးပြီး....ဟေး........................................ဟုဆိုကာ မီးပုံးပျံလွှတ်လိုက်ကြသည်.။ထို့ နောက်
လက်ခုပ်လက်ဝါးများ တီးကာပျော်၇ွှင် နေကြရပါသည်။
မကြာမှီမှာပဲ......စတိတ်ဆင်မှ မီးဆလိုဒ်များ....ပြိုးပြိုးပျက်ပျက် လင်းလက်လားပြီး.....
အသံချဲ့ စက်ဆရာ ကိုအောင်ဆန်းက ညအလှရဲ့  ဂီတသဘင်ကို ပျော်၇ွှင်စွာ နှုတ်ခွန်းဆက်
ကြိုဆိုလိုက်လေသည်၊။သားစိုး သီချင်းလေး....လိမ်ဖယ်လိမ်ဖယ်စိန်အိုးစည်....က ကျေးလက်ရဲ့
သည်းခြေကြိုက်ပင်လော........တသောသောပြောကြရင်း....ကလေးငယ် လေးတို့ ရဲ့ ဂီတပွဲသဘင်
ကိုစတင်လိုက်ပါတော့သည်။
ကျနော်...မှ...မိုက်ခရိုဖုန်းကို Echo သံပါပါလေးနဲ့""ယနေ့ ....နေ့ ...နေ့ ...
တိမ်မည်းတို့ လည်းကင်း....ဆောင်းလေးညှင်းအေးအေးမှာ..........လောကကိုအလှဆင်.....
ညကို ပသာဒရွှင်စေဖို့ .......အနုပညာရင်သွေးငယ်လေးတို့ ရဲ့ .....ဖွဲ့ နွဲ့ မူဟန်....ချစ်စရာသဏ္ဍန်
လေးများကို......စောင့်မျှော်ရှုစား......အားပေးကြပါစို့ လား....ရွှေပွဲလာ........""
ဟုအစတင်ကာ ပွဲလိုက်ကာကို ဆွဲဖွင့်လိုက်လေတော့သည်။ ထို့နောက် ခုနှစ်ထွေ နတ်ပင့်အကများ
နှင့် ပွဲကို လမိုင်းပေးစတင်ပြီး ကလေးငယ်လေးတို့ ရဲ့  ဂီတသဘင်ကို ကြိုဆိုလိုက်ပါတော့သည်။
ဒီလိုနဲ့ ကျောင်းသားတပည့်ကျော်လေး...အလှည့်သို့ ရောက်လာကာ.......မင်းသားချောလေတွေက
မိဘတွေဆင်ပေးထားတဲ့ အဝတ်စားလေးတွေ နဲ့ လန်းလို့ တက်လာပါပြီ.....စင်ပေါ်ရောက်သည်နှင့်
မီးကိုဖွင့်လိုက်ရာ....မောင်ကိုထူးလေးကကြောက်သွားသည်ထင်၏။ပရိတ်သတ်ကိုမြင်၍ ကကွက်
များကိုမမှတ်မိတော့ပါ။ဟာ...ဒုက္ခပဲဆရာတော့ နံမည်ပျက်တော့မှာပဲ...ဆိုပီး....ဘေးဘက်လိုကာ...
အကွယ်နေရာကနေ....ဟိတ်ကောင်..ဒီကိုကြည့်ကကွ.......
ကိုထူးလေးက...ကျနော့ကိုကိုကြည့်ပီးကနေတော့...ပရိတ်သတ်တချို့ က ဘယ်ကိုကြည့်နေသလဲ
စိတ်ဝင်စားလားကြသည်။ကိုကသူတို့ ကို ဂရုစိုက်အား....ဆွတ်ကပြနေရသည်။ ပရိတ်သတ်က
တခွစ်ခွစ်ရယ်နေတော့ ..ဟာငါ့ကျောင်းသားတွေ ကတာသဘောကျလို့  ထင်ပါ့ပေါ့။
နောက်ဆရာမလေးတွေကလည်းဒီလိုပဲ...ဘေးဘက် လိုက်ကာအကွယ်လေးကနေ
ဟိုလိုလှုပ်ဒီလိုလှုပ်နဲ့ ကပြ....ပရိတ်သတ်ကရယ်...ပွဲတွေကျလို့ ပေါ့။
နောက်နေ့ မနက်....ရွာသူရွာသားများက....နှုတ်ဆက်တော့......ဆရာလေး...ညက..ကတာ..
တော်တော်မိုက်တယ် ဆိုပဲ.....အိုး..မျက်နှာပူရန်ကောဗျ...ညက..ကိုယ့်ဇော်နဲ့ ကိုယ်မို့  မသိခဲ့ပေမဲ့
ခုတော့..........................။..............။
ကြယ်တာရာ နတ္ခက်တွေစုံလင်လို့ ....ဆေးပေါင်းခတဲ့ ဒီညလေးမှာ
မယ်ဆလီဖူးသုပ်းလေးစားရင်း......အပန်းပြေနိုင်ပါစေလို့ ....ဆန္ဒပြုလိုက်ပါတယ်။
လေးစားလျှက်
ရင်ခုန်ရသူ
No comments:
Post a Comment