အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 18 October 2013

ဝါလကင်းလွတ် သီတင်းကျွတ်


                                                            
 
အော်....ဘာလိုလိုနဲ့ ...သီတင်းကျွတ် လပြည့်နေ့ တောင်ရောက်လာပြန်ပါပေါ့လား

တွေးရင်းနဲ့  ဖိုးသူတော်ဦးမင်းရဲ့ ကဗျာလေးတောင်အမှတ်ရမိတယ်..

"ဆီမီးရယ်တဲ့ထိန်၊အိုင်မင်းရေကြည်က

ကြာငါးမည် ငုံအာစွင့်တယ်၊ဖူးပွင့်ချိန်ခါ။....။

အဿဝဏီ ယှဉ်ကာချဉ်းပါလို့ ....

လင်းလာတဲ့ငွေတာရိန်ငယ်...ပြာမှိန်လျှက် မြူချေဆိုင်း..။

ဂါရဝေ၊သဒ္ဒါခြွေ ကန်တော့ပွဲကိုလ..

မစဲပေါင် ကုသိုလ်နှိုးကြတယ်၊မျိုးမြန်မာတိုင်း...။"

ကျနော်တို့  ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့  အလေးအမြတ်ထားရာ ဖြစ်သော အဘိဓမ္မာ အခါတော်နေ့  ကိုရောက်ပြီဆိုလျှင် ဆီးမီးပုံးလှလှလေးတွေ၊ဆီးမီခွက်ကလေးတွေးဖြင့် ကျနော်တို့  ဗုဒ္ဓဘုရားရှင်အာ ဆီးမီးပူဇော်ပွဲများကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပပြုလုပ်လေ့ရှိကြသည်။ဆရာတော် ၊သံဃာတော်များသည်လည်း ဝါတွင်းကာလအတွင်း ဝါဆိုခြင်းအမှုကိုလည်းပြီးဆုံးအောင်မြင်သောကာလလည်း ဖြစ်ပေသည်။ကျေးရွာရပ်ကွက်၌ ရှိကြသော သက်ကြီးရွယ်အိုတို့ ကို သက်ကြီးပူဇော်ပွဲ များကိုလည်း အစဉ်မပြတ်မပြုလုပ်လေ့၇ှိသည်။ချစ်စရာကောင်းသော မြန်မာတို့ ၏အလေ့အထပင်လော...


သီတင်းကျွတ်လသည် မြန်မာပြက္ခဒိန်၏ သတ္တမမြောက်လဖြစ်သည်။ချိန်ခွင်ကြယ်ထွန်းသောလလည်းဖြစ်သည်။ဝါတွင်းကာလ၏နောက်ဆုံးသောလည်း
ဖြစ်လေသည်။ရာသီပန်းမှာကြာဖြူပန်းဖြစ်ပြီးရာသီကားတူ ရာသီဖြစ်သည်။ရှေးအခါက
သီတင်းကျွတ်လကို "သန္တူလ"ဟုရေးထိုးလေ့ရှိကြသည်။ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ
သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ
စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ တို့ ၏ ကျေးဇူး တရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ
ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျော ညီေ
ထွစွာအေးချမ်းပျော်ရွှင်ဖွယ်ကောင်း သော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို
ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။


သီတင်းကျွတ်လသည် မြန်မာ၁၂လရာသီတွင်
အထင်း၇ှားဆုံးလည်းဖြစ်သည်။သီတင်းကျွတ်မီးထွန်းပွဲတော်သည် ၁၂လရာသီပွဲတော်များတွင် ထင်၇ှားသောပွဲတော်တစ်ခုလည်းဖြစ်သည်။မီးထွန်းပွဲတော်ကို စတင်ခဲ့သည်မှာ ဗုဒ္ဓဘုရား၇ှင် သက်တော်ထင်၇ှားရှိစဉ် အခါက ဘုရားရှင်မြတ် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုတီဿ နတ်သားအားအမှူးပြု၍ စကြာဝဠာ နေရာ အနှံ့ မှ နတ်ဗြဟ္မာအပေါင်းတို့ အား
အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ကာလပတ်လုံးဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့ သို့ ရောက်သို့ အခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းတို့ ခြံရံပြီး
ရွှေစောင်းတန်း၊ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သောရတနာစောင်း
တန်းများဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။ထိုအခါသမယတွင် လူတို့ 
သည် မိးရှူးမီးတိုင်းများ၊မီးပန်းများ၊ဆီမီးများ၊ဆွမ်းပန်းရေချမ်းများ ကပ်လှူပူဇော်ကြလေသည်။တာဝတိံသာနတ်ပြည်တွင်၇ှိသော စူဠာမဏိစေတီအား ပုဇော်သောအနေဖြင့်လည်း ကောင်းကင်သို့ မီးလုံးများ လွှတ်တင်ကြလေသည်။

ယခုခေတ်တွင် ကလေးသူငယ်များ၏ ဆိုကြကကြသောမြင်ကွင်းမှာလည်း
ကြည်နုးစရာအတိပင်ဖြစ်လေသည်။သီတင်းကျွတ်တ်ကာလ ရောက်ရှိလာသောအခါ၌
မဂ်လာဇနီးမောင်နှံတို့ ၏ ကြည်ကြည်ပြုံးပြုံး အချစ်တွေ ပြိုင်မဆုံးသော လက်ထပ်ထိန်းမြား
မင်္ဂလာပွဲများကိုလည်း ကျင်းပပြုလုပ်ကြသော အခါလည်းဖြစ်လေသည်။
ထိုကြောင့် မြန်မာတို့ ၏ အထင်ကရဖြစ်သော သီတင်းကျွတ်လ သည် မမေ့သင့်မမေ့အပ်ပေသော ရက်မြတ်အခါတော် သမယဖြစ်သောကြောင့် ရေးသားပြုစု
ပေးအပ်ခြင်၏းဖြစ်၏။ကျနော်တို့  မိတ်သင်္ဂဟ အပေါင်းတိုသည်လည်း ဆီးမီးများဆက်ကပ်ပူဇော် ခြင်း၊သက်ကြီးပူဇော်ပွဲများ ပြုလုပ်ကျင်းပခြင်း.၊အစရှိသော မင်္ဂလာရှိသော လုပ်ငန်းဆောင်တာများကိုပြုလုပ်ကာ..အဘိဓမ္မာအခါတော်မြတ်အား ဖြတ်သန်းနိုင်ကြပါစေ။။။။


လေးစားလျှက်

ရင်ခုန်ရသူ

No comments:

Followers