အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 26 October 2013

တလွဲအယူမှားနေခြင်း

 ~~~***တလွဲအယူမှားနေခြင်း***~~~

                စကားတစ်ခုလောက်ပြောပါရစေ၊..အကြောင်းအရာတစ်ခုပေါ့နော်...ကျနော်တို့ လူတွေ

အများစုဟာ အောင်မြင်ကျော်ကြားချင်ကြတဲ့သူတွေများပါတယ်။အောင်ကျော်ကြားချင်တာ

တကယ်တော့မဆန်းပါဘူး...လူတိုင်းအောင်မြင်တိုးတက်ကောင်းမွန်အောင်အားထုတ်ကြိုးစာနေကြ

ရတာဓမ္မတာပါ။ဒါပေမဲ့ဆန်းတယ်လို့  ထင်ရတာလေးတော့၇ှိရှိပါတယ်။ဘာလဲဆိုတော့ ခုခေတ်

မှာမိန်းကလေးအများစုမှာ..ဥပမာ အနုပညာလုပ်နေတဲ့ ကြတဲ့ ညီမလေးတွေ ရှိပါတယ်။အနုပညာ

သွေးပါလာတော့ အောင်မြင်တဲ့အနုပညာသမားတစ်ယောက်ဖြစ်ချင်ကြတယ်။ဒါလည်းကောင်းမွန်တဲ့

စိတ်ထားပါ။မကောင်းတာတစ်ခုက  ဟိုတစ်နေ့ က ကျနော် စမ်းသပ်တဲ့အနေနဲ့  မင်းသမီး သက်မွန်

မြင့် ပုံနှစ်ပုံကို တင်ပေးခဲ့တယ်။သက်မွန်မြင့်က ထိပ်ဆုံးကိုရောက်နေတဲ့မင်းသမီးတော့မဟုတ်ပါဘူး။

ပုံနှစ်ပုံမှာ တစ်ပုံက sexyကျတယ် နောက်တစ်ပုံက ယဉ်တယ်ပေါ့။

               
လူတွေတကယ်ပိုသဘောကျlikeများတာက ရိုးရိုးလေးနဲ့ လှတဲ့ပုံကိုပိုသဘောကျကြ

တယ်။ပေါ်ပင်ဖြစ်ချင်လို့  ပေါ်ပြူလာဖြစ်ချင်လို့  ဖော်ချင်တိုချင်နေစရာမလိုပါဘူး...တကယ်တော့

ပင်ကိုယ်အလှဟာ ဖုံးထားလို့ မရပါဘူး။အတိုပြတ်တွေဝတ်တာခုခေတ်မှာမဆန်းတော့ပါဘူး..။

လူတွေမျက်စိတွေထဲမှာလည်း ရိုးအီနေပါပြီ။တကယ်တော့ ဆွဲဆောင်မှုဟာ ပင်ကိုယ်အလှနဲ့ ဆွဲ

ဆောင်ခြင်းထက် ဘယ်အလှကမှ ပိုပြီးမဆွဲဆောင်နိုင်ပါဘူး...ဥပမာ အနေနဲ့ပြောပြမယ်...။

မိန်းကလေးနှစ်ယောက် လမ်းတစ်ခုလျှောက်ကြတယ်ဆိုပါစို့ ..။တစ်ယောက်က ဟိုက်ခြားပါးဝတ်

ထားမယ်..။ ဟိုက်ခြားပါးဆိုတာက  ဟိုက်မယ် ခြားမယ်ပါးမယ် အဲလို ဝတ်ထားတဲ့သူရယ်

နောက်တစ်ယောက်က ယဉ်ယဉ်လေးလေးဝတ်ထားမယ်။ သူတို့ နှစ်ယောက်ကို လမ်းမှာတွေ့ တဲ့

ကောင်းလေးယောင်္ကျားလေးတစ်ယောက်မြင်လို့  ပြောမယ်။ ဟိုက်ခြားပါး ဝတ်ထားတဲ့မိန်းကလေး

ကို "ဟား.....မိုက်တယ်ကွာ....လန်းတယ်ကွာ..လန်ထွက်နေတာပဲ"လို့  အလှကိုပြောလိမ့်မယ်..။

ယဉ်ယဉ်လေးနဲ့ဝတ်ထာတဲ့မိန်းကလေးကိုတော့"ဟား....ယဉ်ယဉ်လေးနဲ့ လှလိုက်တာ..ရင်မှာ အေး

နေတာပဲ.."လို့  ပြောလိမ့်မယ်.။စောစောက မိန်ကလေးကိုလည်း အလှကိုပြောတာပါပဲ။ဒါပေမဲ့

ပြောတဲ့စကားမှာတင်ပဲ တန်ဖိုးချင်းကွာနေတယ်...။မိုက်တယ်ကွာ..လန်ထွက်နေတာပဲနဲ့  ယဉ်ယဉ်

လေး လှလိုက်တာ ဆိုတဲ့ စကားကိုယှဉ်ကြည့်ရင်သိနိုင်ပါတယ်။

       ဆိုတော့ကာ....ဘယ်လိုအလှမျိုးကို လူတွေအလေးပေး တန်ဖိုး ထားတတ်ကြတယ်ဆိုတာကို

ပြောချင်တာပါ။အောင်မြင်ချင်ရင် ပေါ်ပြူလာဖြစ်ချင်ရင် တန်းဖိုးရှိတဲ့ ပင်ကိုယ်အလှနဲ့  ဆွဲဆောင်

နိုင်အောင်လုပ်ပါ။ဒါမှ ကြာရှည်စွဲလန်းမှာ..။sexy ကျတဲ့အလှနဲ့  ဆွဲဆောင်ခြင်းဟာ မိမိအတွက်

လည်းအန္တရာယ်များလှပါတယ်..တန်ဖိုးရှိရှိလှစေချင်သောကြောင့် ဒီပို့ စ်လေးကိုရေးရခြင်းပါ။

ထိခိုက်နစ်နာလိုသော...ရည်ရွယ်ခြင်းလုံးဝမရှိပါ..မှားတာရှိက..ဝန္တာမိ..တောင်းပန်းပါ၏။......။


     လေးစားလျှက်

             ရင်ခုန်ရသူ



အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

No comments:

Followers