ခါနွေဆန်းစ၊မြူစိုင်လှရယ်
မုတ်သုန်ငယ်ဖြူး၊နွေဦးလေပြေ
ရူးထွေထွေသန်း၊ဘယ်ညာလှမ်းကာ
သံသာဥဩ၊ဂျိုးသံနှောလို့
ချွေးစို့စို့ဖြင့်၊သွားလင့်လှုပ်ရှား
ခရီးများထွင်၊ဘဝတွင်ဝယ်
နွေနှယ်ပါလား။
မာယာများလှ၊လောကထဲမှာ
ဘယ်သောင်ကိုလှမ်း၊ဘယ်ကမ်းကပ်စေ
ဖွေရန်မလို၊ဒုက္ခကိုကား
တွေ့ညားမြဲသာ၊လူ့ဘဝမှာ
အိုနာသေဘေး၊ထွက်ပြေးမလွတ်
မချွတ်ရွန်းပါ၊ကြုံရမည်သာ။
ကြုံမလာခင်၊တို့ဆွေကြင်များ
စိတ်ထားဖြူစင်၊မဂ္ဂင်စီးရန်
ဒါနံသီလံ၊ဘာဝနံစ
ပွားကြကုတ်ကုတ်၊မဆုတ်နစ်စွာ
ကျင့်ခါပါမှ၊အပ္ပါယ်မကျ
နိဗ္ဗာန်ရမည်၊ဖြစ်ပေသည်တည်း
ခရီးလမ်းမှာ၊နွမ်းရှာစေမူ
ဖေးမကူတတ်၊တို့တရားမြတ်
းပွားလတ်ချစ်အဆွေ။
လေးစားလျှက်
ရင်ခုန်ရသူ
2 comments:
စိတ်ထားဖြူစင်၊မဂ္ဂင်စီးရန်
ဒါနံသီလံ၊ဘာဝနံစ
ပွားကြကုတ်ကုတ်၊မဆုတ်နစ်စွာ
ကျင့်ခါပါမှ၊အပ္ပါယ်မကျ
နိဗ္ဗာန်ရမည်၊ဖြစ်ပေသည်တည်းးးးးးးးးးးးးးး :)
ဒီတခါကဗျာလေးကိုဖတ်ပြီး
တရားတွေပွေ့တပိုက်ကြီးပေါ့ဟယ်.....
မာယာများလှ၊လောကထဲမှာ
ဘယ်သောင်ကိုလှမ်း၊ဘယ်ကမ်းကပ်စေ
ဖွေရန်မလို၊ဒုက္ခကိုကား
တွေ့ညားမြဲသာ၊လူ့ဘဝမှာ
အိုနာသေဘေး၊ထွက်ပြေးမလွတ်......
Post a Comment