အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 3 December 2012

ပန်းကလေးများလန်းဖို့

ခေတ်ရဲ့ရေစီး

လွင့်မျောစီးလို့

လျှပ်ပေါ်လော်လီ

ပေါ်လစီတွေး

ရှေ့ရေးရှုလျှင်

ဒီရင်မအေး

ရင်လေးပါဘိ။

အရှေ့အနောက်

ရောက်လို့ပေါက်လာ

မြောက်လားတောင်လား

ဘယ်ကားမသိ

နင့်သည့်ဘဝင်

စိတ်မရွှင်ရ

ယဉ်လှဓလေ့

ပျောက်ကွယ်မေ့လု

မေတို့ရှုလေ

သိလို့နေ၏။

လိုချင်တောင်းတ

ဆန္ဒနောက်လိုက်

စရိုက်ပျက်ပြား

ထောက်နားဆင်ခြင်

အသွင်ပြင်ကောင်း

ရိုးရာဟောင်လည်း

မမေ့ပဲနှင့်

ဆင့်ဆင့်ထပ်ယူ

တို့ပျိုဖြူများ

သတိတရား

ရှိထားသင့်ပေ။

မြင်သူယဉ်ကာ

စိတ်အာရုံမှာ

တစ်ခါမြင်းဖူး

တက်မက်မူးတဲ့

တို့ရဲ့အဝတ်

ဆင်ဝတ်ကြပါ

ရင္ဖုံးအက်ႌ

ချိတ်ထဘီနဲ့

မြင်လှည့်စမ်းပါ့

နောက်အရပ်သူ။

အိုအချင်းတို့

တို့ရဲ့အမျိုး

တို့တန်ဖိုးထား

တို့ယဉ်ကျေးမှု

တို့ပြုစုလို့

များတို့တစ်တွေ

စောင့်ကြလေကွယ်။

လေးစားလျှက်

No comments:

Followers