အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 6 December 2012

ဝင်္ဂိယသို့

အပြုံးကိုပန်ဆင်၊မှော်ဝင်တဲ့အကြည့်

နှင်းဆီလွှာနှုတ်ခမ်း၊သကာလျမ်းတဲ့စကား

မာနကိုဝတ်ရုံပြု၊မာယာကိုဖားလျားချ

ပရိယာယ်ကိုအဖော်ပြု၊အယောင်ဆောင်မှုလက်နက်လုပ်

အမုန်းနံရံကိုအကာကွယ်ယူ၊စစ်မြေမှာလမ်းမှားတဲ့ငါလိုလူကို

ရင်ဝကိုထိုးချင်းပေါက်အောင်၊သေသေသပ်သပ်ပစ်ခတ်

ရက်စက်မှုကိုမင်းမူကာ၊ပြုံးနေပုံကဂင်းနစ်စံချိန်ဝင်လေးသမားလို၊

မင်းကျေနပ်နေနိုင်ပီလား။

ဒီလိုဆိုမင်းကိုနာမည်လေးပေးလိုက်မယ်

ဝင်္ဂိယလိုအသည်းနဲ့မာယာရှင်မင်းသမီး

အမျက်မီးတွေငြိမ်းပါတော့ကွာ။

1 comment:

Unknown said...

အားပေးခဲ့ါပတယ်.. ရှင့်..

Followers