ရူပါအဆင်း၊ဝင်းဝင်းဖန့်ဖန့်
ပျံ့ပျံ့သင်းသင်း၊သူ့သတင်းက
ကြားရနားဝင်၊ချိုမြစင်ကြည်
အရည်လဲ့ရွှန်း၊သူ့မျက်ဝန်းလည်း
စွဲလန်းစရာ၊မယ်သီတာလို
အမူပိုပို၊မြှူချိုမျက်နှာ
ရှက်သွေးဖြာလို့၊ညှို့တတ်လွန်းတယ်။
ရာမနဲ့တူ၊အပြိုင်ချစ်သူ
ငါလိုလူလည်း၊အသည်းနဲ့မို့
ခွဲဖို့မတွေး၊ချစ်သည်းလေရယ်
ပြုံးတုံ့လှည်လယ်၊ကျီစယ်ပါနဲ့
မင်းရာမလို၊သမင်ပျိုဖမ်း
မပေးကမ်းလည်း၊ရင်ဘတ်ထဲက
အသည်းစကို၊မင်းလိုချင်ရင်
အဆင်သင့်ပါ၊ကိုယ့်ချစ်သူရာ။
မင်းအချစ်ကို၊ရဖို့ဆိုလျှင်
လယ်ပြင်မှာတိုး၊စီးချင်းထိုးလည်း
ရှေ့သို့တိုးဆဲ၊သွေးရဲရဲနဲ့
ဒဿရဲ့ထုံး၊နှလုံးမူမယ်
ချစ်ရသူရယ်။
လေးစားလျှက်
ရင်ခုန်ရသူ
1 comment:
မောင်လေးရေ.. ကဗျာတွေ မဖတ်ရတာကြာပြီနော်. စောင့်မျှော်နေပါတယ်..
Post a Comment