အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday, 26 December 2012

တို့လည်းလိုက်မယ် ချန်မထားနဲ့

ဟိုရှေ့ကခရီးသည်

အဘယ်ရပ်သို့သင်သွားမယ်

သင့်မှာသယ်လာဘယ်အရာ

ပါခဲ့ပါသလဲဗျာ.....

ကျွန်ုပ်ထံမှာဘာမပါ

လက်ချည်းဗလာသာ

လက်ဗလာချည်းသည်ခရီး

အသင်လိုက်၍မရပါ.....

ဟိုဘေးကခရီးသည်

အဘယ်ရပ်သို့သင်သွားမယ်..

သင့်မှာသယ်လာဘယ်အရာ

ပါခဲ့သလဲဗျာ....

ကျွန်ုပ်ထံမှာဘာဝနာ

ဒါနသီလပါပေတာ

သင်သယ်လာရာပြည့်စုံတာ

ဤဖောင်စီး၍လိုက်ခဲ့ပါ....

ဤဖောင်နာမမဂ္ဂင်ဗျ

လိုက်ပါလိုကအထုပ်ပြင်

အပုပ်စင်တဲ့နိမ္ဗာန်ခွင်

ရောက်စေချင်ပါလျှင်....

လေးစားလျှက်

ရင်ခုန်ရသူ

No comments:

Followers