အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday, 16 December 2012

ကဗျည်းတင်လို့ပေးပါ

တ ရံခါကပုဂံရာဇဝင်ထဲမှာ

မှတ်တမ်းတစ်ခုကဗျည်းပြုခဲ့

မင်းကျန်စစ်ရဲ့ဇာတ်လမ်းလို

ရှင်သခင်ပေါ်သစ္စာတော်စူးရောက်

ရူးမလောက်ချစ်ခဲ့ရတဲ့ချစ်သူ

အပြစ်ယူငြူဆူမှာလည်းတို့မလိုလားပါ....။

ဥဿာဘုရင်ရွှေပြည့်ရှင်နဲ့

ပုဂံအရှင်အနော်ရထာဘုရင်တို့

နှစ်ပြည်ရွှေလမ်းဖောက်လှမ်းကြရာ

ဆက်သပစ္စည်းမဏိစန္ဒာမင်းသမီးကို

ရှင်ဘုရင်အားဆောင်ပါးဆက်သ

နှလုံးလှပိုင်ရှင်ကျန်စစ်ဘုရင်လို

တို့အသည်းမမာဘူးမိန်းကလေးရယ်....။

မင်းမြတ်အနော်မျက်တော်ပေါ်ကာ

သစ္စာမဲ့လူကျန်စစ်သူကို

အရိန္ဒမာလှံသွားပျံသန်းရာအမှန်

ရွယ်ကာပစ်ခွင်းရင်ဝယ်တွင်းသို့

ယင်းသို့တစေပစ်ပင်လေငြား

ထိရှမသွားအရိန္ဒမာအလား

ငါ့သစ္စာတရားကိုမင်းသိပါချစ်သူ....။

ပုဂံစစ်သားကျန်စစ်ဘုရားဟာ

သစ္စာတရားမှတ်ကျောက်ထားရင်

ငါ့မေတ္တာစကားမင်းကြားလို့သွားရင်

မင်းအသည်းဘဝင်မှာကဗျည်းတင်လို့ပေးပါချစ်သူ....။

လေးစားလျှက်

** *ရင်ခုန်ရသူ* * *

No comments:

Followers