အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday, 30 December 2012

ဟော့ရှော့လေးတွေလျှော့

မော်ဒယ်မမ၊မမလှတို့

ရှေးကစာဆို၊ဆိုချေဖူးခဲ့

ခြေတစ်လှမ်းရယ်၊ကုဋေတစ်သန်း

ခါသေးရင်ချီ၊ပဒုမ္မနီ

ယဉ်သည်နှုတ်ထွက်၊သကာသက်၏

ပိတုန်းရောင်ဆင်း၊ကြော့ရှင်းကေသာ

နံ့သာလူးပြန်၊မာလာပန်ဆင်

အပြုံးနုရွှင်၊ဘဝင်ဝယ်လန်း။

တစ်ခေတ်ဆန်းတယ်၊ကမ္ဘာလယ်မှာ

ယှဉ်ကာပြချင်၊နှမခင်များ

ရင်ဖုံးအင်္ကျီ၊ချိတ်ထဘီနှင့်

တင့်လှမြန်မာ၊ရိုးရာဆင်တာ

ဝတ်ကာသာဖြင့်၊ရှုချင့်မဆုံး။

ဓလေ့ထုံးတမ်း၊ထိမ်းသိမ်းမြန်းပါ

ခေတ်တော့ခေတ်ပေါ့၊ဟော့ရှော့လေးတွေ

လျှော့ပါစေချင်၊ခေတ်မှီဆင်တာ

မဆိုပါမေ၊ခေတ်ဆန်လေနဲ့

လူကဲ့ရဲ့မယ်၊မြန်မာမယ်တို့

ပြုဖန်ကဗျာ၊စေတနာချည်း

ယုတ်စေမရည်၊ကောင်းဖို့သည်ပင်

ချစ်ခင်ကြင်နာ၊ဆွေသဟာတို့...,

လေးစားလျှက်

ရင်ခုန်ရသူ

1 comment:

အလွမ်းခရီးသည် said...

ကြိုက် ကြိုက်
ကဗျာလေးကို ကြိုက်ကြိုက်

Followers