ကလေးဘဝလေးပျော်စရာ......
ကျောင်းတော်ကြီးထဲမှာ.....
ပြေးလွှားဆော့ကစား မမေ့နိုင်စရာ.....
တို့ များအတိတ်ခြေရာ....
စာဖတ်စာအံ ဆူဆူညံ......
ဘဝဂ်ထိသို့ ဆန်....
အချိန်ရွေ့ လျားရာသီစားတော့...
တစ်လမ်းစီခွဲ ရင်အသည်းမှာ.....
ဝမ်းနည်းစွာဖြင့် ရင်ကိုနင့်စေ...
ဘဝထွေထွေ ကံစေရာပြေး...
ကိုယ့်ရှေ့ ရေးမို့ ....
ဝေးလို့ တို့ တွေ သွားရပြီလေ...။
လိုရာပန်းတိုင် လှမ်းကိုင်မိရာ...
ပျော်ကာနေရပြန်...
ဘဝမာန်လေး ခပ်ရေးရေးမို့ ....
ရှေ့ သို့ ချီခိုက်....
တိုက်ဆိုင်လိုက်ရာ မဖြေသာသော...
လွမ်းမောမှု တနင့်တပိုး...
ရင်ကိုတိုးလာ ပြင်းထန်စွာနဲ့ ......။
ခန္ဓာစက်ဝန်း ဇရာစွန်းသို့ ...
ရောက်လို့ လာတော့....
တရားရိပ်ဝင် စိတ်ကြည်လင်ဖြင့်....
ဟိုခါသူငယ်ချင်း....
ရောက်စေလိုခြင်း အာသီသ..
ဖြစ်မိပါပေတယ်.....။
လေးစားလျှက်
****ရင်ခုန်ရသူ****
No comments:
Post a Comment