ဝေဒနာဟောင်း ပြန်ပြောင်းတမ်းရ
မီးစလိုပူ အလွမ်းဟူသည်
ဆွေမညီပဲတသဲသဲဝင်
တလိပ်လိပ်ဆင်း တစ်သင်းမျက်ရည်
ချစ်နယ်ဆီမှန်း မှုန်သမ်းဝေဝါး
အသဲတခါး ချက်ချထားဖို့
ခွန်းအားတို့နဲကြေကွဲရင်းသာ။
တို့ရဲ့ခြေရင်း မြစ်တစ်စင်းလို
အနာဂါတ်ကို ဝါးမျိုမလို
မှုန်ရိုနေပြီ ဖြေမဆည်နိုင်
ရွှေလည်တိုင်ငယ် ယိုင်လည်လည်မို့
မကျက်သေးတဲ့ လွမ်းခဲ့ဒဏ်ရာ
အဖြေရှာဆဲလောကထဲမှာ
ပေါ်လာတစ်ဖန် ဒုတိယမ္ပိ
နှစ်ထပ်ရှိမှ သိရလေပြီ
တို့မျက်ရည်များ ပင်လယ်ဆီသွား။
လေးစားလျှက်
ရင်ခုန်ရသူ
1 comment:
ကဗျာရေးနည်းလေး လေ့လာခဲ့ပါတယ်။ ကဗျာလေးကောင်းတယ်။။။
Post a Comment