အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday, 3 December 2012

စိုင်းတို့မြေကိုဖိတ်ခေါ်တယ်

တစ်ခေါက်တစ်ခါအရောက်လာ

ဖိတ်ခေါ်ပါတယ်စိုင်းတို့မြေကို

မြူနှင်းမှုန်များဘော်ငွေယံအလား

ရစ်သိုင်းထားတာလှပစွာ

ထင်းရူးတန်းတွေအထပ်ထပ်ပေ

လယ်မြေတည်ထားလှေကားထစ်အလား

ရှုမျှော်အားရယ်မဝစေ

ပန်းချယ်ရီတွေပွင့်ဝေစီ

ရနံ့လှိုင်စွာအတည်

တို့ရှမ်းအိုးစည်သံရှမ်းကဟန်

မြင်စမ်းစေချင်သည်

ခေါင်ရည်တစ်ကြိုက်ငုံစဉ်ခိုက်

မီးပုံတစ်ဝိုက်ကကြမယ်လမုန်းအကရယ်

ယဉ်ကျေးချိုသာနွေးထွေးစွာ

ကြိုဆိုမှာတို့ရှမ်းမြို့မဟာ

လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါ၏ဗျာ

ရှမ်းစကားလေးလည်းသင်ပေးမယ်

မြေပြန့်သူလေးရယ်

နှုတ်ဆက်ရာမှာပျော်စရာကြည်နူးဖို့ကောင်းတာ

အရောက်လာခဲ့ပါ....။

လေးစားလျှက်

ရင်ခုန်ရသူ........

No comments:

Followers