ရင်မှာအမြဲ
အသည်းစွဲ
အေးမြဲမေ့မေတ္တာ။
သောကပူဆွေး
ဘယ်မပေး
အပြုံးများပေးရင်သို့အေး။
နေပူကျဲကျဲ
တစ်ကိုယ်တည်း
ကြိုးစားရှာဆဲအမေ့ဇွဲ။
သားသမီးများ
ပျော်စေသား
လိုလားတဲ့အမေ။
မေ့မေတ္တာစမ်း
ဘယ်မခန်း
အရမ်းအေးမြသည်။
မေ့မေတ္တာပန်း
ဘယ်မနွမ်း
လန်းဆန်းမွှေးကြူသည်။
အမေ့ရင်ခွင်
ထာဝစဉ်
လွန်ပင်နွေးလှသည်။
တို့များမေမေ
တောင်းဆုခြွေ
တို့တွေလှပစေ။
ထာဝရလန်း
မြတ်သောပန်း
အမေ့ရင်နန်းပျိုးတဲ့ပန်း။
လေးစားလျှက်
ရင်ခုန်ရသူ
No comments:
Post a Comment