အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 25 October 2012

ဆောင်းမနက်ခင်း

ဟေမာန်အစ

နှင်းမြူလှ

ယုယဆင်းသက်ပြန်။


နေခြည်ကနွေး

လေနုအေး

ဆော့သွေးတိုက်ခတ်ပြန်။


အာရုံမနက်

လမ်းမထက်

ပြေးလတ်များစွာလူ။


ရော်ရွက်တို့ ပေါ်

ငွေနှင်းသော်

လျှောကျစီးဆင်းရိုရဲခြင်း။


ရောင်နီလာလု

မိုးတိမ်စု

ကြည့်ရှုမညီးပါ။


ကန်ရေထက်ဝယ်

ရေငွေ့ ခြယ်

ရှုဖွယ်လှပေဟန်။


ဒီဆောင်းမနက်

မြင်ကွင်းစက်

လင်းလက်လှပေပြန်။


လေးစားလျှက်

ရင်ခုန်ရသူ

No comments:

Followers