အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 29 October 2012

မုန်းမေ့မရလို့ပါ

"အချစ်ရေ"..လို့ ခေါ်နေခွင့်မရတော့ပေမဲ့

ငါ့ရဲ့နှလုံးသားတစ်နေရာမှာ

နင်သာထာဝရရှိလို့နေမှာပါ။

"မောင်ရေ...."လို့မခေါ်တော့ပေမဲ့

ငါ့ရဲ့နားထဲမှာ

အမြဲကြားယောင်နေမိပါတယ်။

အေးမြတဲ့နင့်ရဲအပြုံးတွေ

ငါမြင်ခွင့်မရတော့ပေမဲ့

ငါ့ရဲ့မျက်ဝန်းထဲမှာ

အခုထိမြင်ယောင်ဆဲပါ။

နွေးထွေးတဲ့နင့်ရဲ့အကြင်နာတွေ

ပြန်လည်ကာမရနိုင်ပေမဲ့

ငါ့ရင်မှာတမ်းတလို့နေဆဲပါ။

မခေါ်ပဲလာပြီး ငါမနှင်ပဲ

ထွက်ပြေးသွားတဲ့နင့်ကို

ငါမုန်းမေ့မရလို့ပါ။

(တခါကကောင်မလေးအတွက်)

No comments:

Followers