အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 12 October 2012

ရတုဘုရင်သို့တမ်းချင်း

မြစ်ယံကညို၊တောင်ကပြိုလု

အလွမ်းထုကို၊ပေလွှာအိုထက်

တင်လျှက်မင်ရည်၊ကမ်းလိုသည်လေ

ရတုဘုရင်၊နတ်သျှင်နောင်သို့

တမ်းလို့လွမ်းသည်၊လွမ်းလေသည်။

စစ်ပြန်ကကို၊နှောင်းကကြိုမှု

အနမ်းယုကို၊ဆည်းဆာညိုမှာ

စုံစွာတပ်သင်း၊တံခွန်လင်းလို့

ဓါတုကညာ၊နှမလျာရယ်

တမ်းလို့မှန်းသည်၊မှန်းလေသည်။

ချစ်ဟန်ကပို၊မောင်ကဆိုခု

လွမ်းအောင်ပြုလို၊နတ်သျှင်ကိုလ

မှန်းဆရော်ရည်၊တမ်းသည်စာချိုး

မရိုးမဆန်း၊ခပ်တန်းတန်းလေ

လွမ်းနယ်မြေမှ၊ဘုရင်လှသို့

ကမ်းလို့လှမ်းသည်၊လှမ်းလေသည်။

လေးစားလျှက်

ရင်ခုန်ရသူ

No comments:

Followers