အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 20 October 2012

ချစ်သူ

ချစ် သူ....ကျေးငှက်ကလေးတွေတောင်

တေးသံမြိုင်မြိုင်သီကြူးနေကြပြီ

အာရုဏ်ဦးကိုစောင့်လို့ကြိုနေကြပြီ။

ချစ်သူ...အရှေ့ရပ်ဆီမှကိုသူရိန်လည်း

သူ့ရဲ့တစ်နေ့တာဝန်ကျေပွန်ဖို့

တစစနဲ့ပေါ်ထွက်လာလေပြီ။

ချစ်သူ....ပုထုဇဉ်လူသားတို့လည်း

ဝမ်းခါးအတွက်လုပ်ငန်းဝင်ရန်

နိုးထ၍နေကြလေပြီ။

ချစ်သူ....အရာတိုင်းသည်

ကိုယ်စီကိုယ်စီတာဝန်တွေ

ထမ်းဆောင်နေကြလေပြီ။

ချစ်သူ....မင်းအိပ်နေဆဲလား

မင်းနိုးထသင့်ပြီ

မင်းရဲ့တာဝန်တွေကျေပွန်အောင်

ထမ်းဆောင်သင့်ပြီ။။

(အနာဂါတ်သို့ရည်မျှော်ခြင်း)

ရင်ခုန်ရသူ

No comments:

Followers