လမ်းတလျှောက်သင်း၊ပန်းပိတောက်မင်း
ရွှေရောင်နှယ်လင်း၊ဆွေဘောင်ရယ်ကျင်း
သူ့ဂုဏ်သတင်း၊လူ့ဘုံအဝင်း
အစဉ်သာလင်း၊အမြင်မှာထင်း
သစ္စာရှင်မင်း၊ပြစ်နာလျှင်ကင်း
လောကဓါတ်တွင်း၊ပြောစမှတ်သင်း
အိုပိတောက်မင်း။
မြစ်မင်းဧရာ၊ချစ်ခြင်းဝေဖဖြာ
ရွှေပြည်မြန်မာ၊ဝေစည်လျံသာ
တည်ရေးနောင်ခါ၊ညီတွေးဆောင်ကာ
ငါတို့ဗမာ၊သာဘို့တကာ
မိတ်ပေါင်းသဟာ၊စိတ်ကောင်းစရာ
တို့ညီစေသာ။
ပိတောက်တနှယ်၊တစ်ထောက်တစ်စွယ်
ဧရာတစ်သွယ်၊ဝေဖြာတစ်လျယ်
များတို့သွေးရယ်၊ထားဖိုးတွေးမယ်
ရဲရဲတကယ်၊စွဲစွဲတကယ်
ကြိုးစားကြမယ်၊မျိုးသားလှရယ်
အားမာန်ကိုလွယ်၊ဓါးလှံကိုရွယ်
ရှေ့သို့လှမ်းမယ်။
လေးစားလျှက်
ရင်ခုန်ရသူ
No comments:
Post a Comment