မင်းရဲ့လက်ထဲ၊မြဲမြဲကိုင်ထား
ဓါးတစ်လက်က၊ထက်လှအသွား
မာယာများနဲ့၊ပုံဆောင်မဲ့လည်း
ရင်ထဲဆူးနစ်၊ထိုးပစ်ခဲ့တော့
ဖျော့တော့တဲ့သွေး၊ကာလာလေးက
မြေခကာမှ၊ယုယမှုတွေ
ပိုနေရပြန်၊။
အချစ်ရဲ့ဒဏ်၊မခံချင်လည်း
တသဲသဲဝင်၊စွဲဘဝင်မှာ
အကြင်နာရိပ်၊တိတ်ဆိတ်ဆဲမို့
ချွေးသိပ်ဖို့လည်း၊ဝေးကွာဆဲပါ
သေရာပါမယ့်၊ဒဏ်ရာသခင်
လေးညှို့ရှင်ရေ၊ဖြေစရာလေး
ဆေးတစ်ခွက်လောက်၊ဒို့သောက်ချင်လည်း
သွေးရဲရဲပင်၊မင်းကမြင်ချင်
မင်းလိုအင်သာ၊ပြည့်ပါလျှင်လေ
ငါသေဆိုလည်း၊သေရဲပါတယ်
ဒီလိုဓါးမျိုး၊ထပ်မထိုးဖို့
တိုးလို့တောင်းပန်၊သခင်ထံဝယ်
အမျက်ကယ်ပြေပါစေတော့ကွယ်။
လေးစားလျှက်
ရင်ခုန်ရသ
No comments:
Post a Comment