ချစ်သူတွေ ဖြစ်လာတဲ့အခါ အချိန်တွေကြာလာလေ
တစ်ယောက်အကြောင်း တစ်ယောက်သိလာရလေပါပဲ။ ဒီလိုအချိန်မှာ အချစ်တွေ
ဟောင်းမသွားပဲ အမြဲသစ်နေအောင် ဘယ်လိုထိန်းရမလဲဆိုတဲ့ အချက်လေးတွေက
အရေးပါလာပြီပေါ့။ နှစ်ဦးကြား တည်မြဲတဲ့ ဆက်ဆံရေးရှိနေအောင်
ထိန်းသိမ်းချင်တဲ့သူတွေအတွက် ဆက်ဆံရေးခိုင်မြဲစေမယ့် လျှို့ဝှက်ချက်တစ်ချိ
ု့ကို ပြောပြပေးချင်ပါတယ်။
၁။ ချစ်သူစုံတွဲတွေ လေ့ကျင့်ခန်း
အတူတူလုပ်ခြင်းဟာ နှစ်ဦးသား သံယောဇဉ်ကြိုး ပိုမိုခိုင်မြဲအောင်
စွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။ လေ့လာတွေ့ရှိချက်တွေအရ GYM အတူတူ
ဆော့တာပဲဖြစ်ဖြစ်၊ အတူတူ ပြေးတာပဲဖြစ်ဖြစ်၊ jogging တူတူခုန်တာပဲဖြစ်ဖြစ်
ချစ်သူနဲ့အတူ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့ စုံတွဲတွေဟာ
ဘယ်တော့မှမခွဲမခွာနေကြရလေ့ရှိပါတယ်။ ဒါဟာ
စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်အရသာမက စစ်တမ်းကောက်ချက်အရပါ ခုချိန်ထိ
မှန်ကန်နေဆဲအချက်လို့ သိရပါတယ်။
၂။ချွေးစိုခြင်းဟာ နှစ်ဦးသားအတွက်
ဆက်စီကျစေပါတယ်။ တစ်ဦးနဲ့တစ်ဦး မြင်နေကျပုံစံတွေ မဟုတ်ဘဲ ချွေးစိုစိုနဲ့
လေ့ကျင့်ခန်းလုပ်ထားတဲ့အလှဟာ ချစ်သူတွေအတွက် အမြင်ဆန်းစေတဲ့အပြင် ဆက်စီလည်း
ဖြစ်ပါတယ်တဲ့။
၃။ကိုယ့်ရဲ့ခန္ဓာကိုယ်က အဆီပိုတွေကို
မှန်ကန်စွာဖယ်ရှားနိုင်တာ၊ diet လုပ်နိုင်တဲ့သူတွေဟာလည်း ချစ်သူအပေါ်
ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အဓိက အချက်ကတော့
ကိုယ့်အသွင်အပြင်ပြောင်းသွားတော့ ကိုယ့်ချစ်သူကို အမြင်မရိုးစေတော့ဘူးပေါ့။
၎။အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအရာက
အပြုံးပါ။ ဒီအချက်ဟာ ချစ်သူစုံတွဲတွေကြားထဲမှာလည်း အခြေခံအကျဆုံးနဲ့
အရေးကြီးဆုံးအချက်အဖြစ် ရှိနေတာပါ။ ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့ ချစ်သူကို
လူတိုင်းတန်ဖိုးထားချင်ကြပါတယ်။
၅။အမျိုးသားတွေအတွက်ကတော့
ကျန်းမာရေးကောင်းဖို့ကလည်း အရေးကြီးပါသတဲ့။ ကျန်းမာရေးချူ ချာတဲ့
ချစ်သူရည်းစားကို ရထားတဲ့အမျိုးသမီးဟာ ဘယ်လောက်ထိ စိတ်ပျော်ရွှင်ရမှာတဲ့လဲ။
ဒါ့ကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို
ကိုယ်ဂရုစိုက်ဖို့လိုပါတယ်။
Ref:yourtango.com
http://www.trend.com.mm/2014/05/19/relationships-3093
No comments:
Post a Comment