အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday 18 May 2014

air cond comprssor နှင့်ပတ်သတ်သော






ဒီနေ့ကျနော်မျှဝေပေးချင်တာလေးကတော့..car.air.condနဲ့ပါတ်သက်ပြီးအမြဲတမ်းကြုံ
တွေ့နေရတဲ့..ကားအသုံးပြုသူများအတွက်..စိတ်မသက်သာ
စရာဖြစ်စေတဲ့အတွေ့ကြုံလေးပါခင်ဗျ....
...ကျနော်တခုကြိုပြောချင်တာက...မိမိချွေးနဲစာနဲ့
ဝယ်ယူခဲ့ရသောပစ္စည်းတခု...၃နှစ်ခံရမည့်နေရာမှာ
၃ရက်နဲ့ပျက်စီးသွားလျှင်....မည်သူမဆိုစိတ်မချမ်းမသာ
ဖြစ်ကြရပေမည်...ဲ
ဒီကားလေးကတော့honda civic I.VTEC...2000ccကားလေးပါ
ခင်ဗျ.....ကျနော်စစ်ဆေးကြည့်လိုက်တော့air.cond..compressor..ပျက်နေပြီး...low pressure..high..pressure
မမှန်တဲ့အတွက်.....ECU...မှair..cond..အလုပ်လုပ်ခြင်းကို
ဖြတ်တောက်ထားတာကြောင့်Air..cond.မအေးတာပါခင်ဗျ..
ဒါနဲ့ကားownerကိုရှင်းပြတော့...ပြီးခဲ့တဲ့တပတ်လောက်ကမှ
တခြားဝပ်ရှော့တခုမှာAir.cond..compressorလဲလှယ်ထားကြောင်းဘောင်ချာစာရွက်
နဲ့အတူထုတ်ပြလာပါတယ်...

ဒါနဲ့ကျနော်စစ်ဆေးနေကြအတိုင်း..high pressureဘက်မှ
Gas အနည်းငယ်ကိုထုတ်ကြည့်လိုက်တော့...systemအတွင်းgasနဲအတူလှည့်ပတ်စီးဆင်းနေတဲ့refrigerant...oil..ကမည်းနက်ညစ်ညမ်းလွန်းနေပြီး...စေးပျစ်မှု
ပါဝါလည်းကုန်ခန်းနေပါတယ်...အဲဒီrefrigerant oilကိုအမှီပြုပြီး..eingineတလုံးကဲ့သို့. compressorကအလုပ်လုပ်နေရတာပါ...eingineတလုံးလိုပဲ့eingine oil..မကောင်းတော့ပဲဆက်လက်
အသုံးပြုနေမိပါကအချိန်တိုအတွင်း...ကြိုးကြေပျက်စီးသွား
နိုင်သလို..compressorလည်းထိုနည်းအတိုင်းပါပဲ့ခင်ဗျ..
...ဒါနဲ့air.cond gasကို...circulationစက်နဲ့ပြန်လည်သိမ်းဆည်းထားပြီး.....Air .cond
ပိုက်လိုင်း...low..pressure...high ..pressure..ပိုက်လိုင်းတွေကိုဖြုတ်ကြည့်လိုက်တော့အရမ်းမည်းနက်နေပြီး ..အရမ်းလည်းညစ်ညမ်းနေတာကိုတွေ့လိုက်ရပါတယ်ခင်ဗျ....တကယ်ပျက်နေတာကcompressorတလုံးတည်းပါ...တကယ့်လို့..ဒီလိုအခြေနေမျိုးမှာcompressorတလုံးတည်း
သာလှဲလှယ်မိပါက...မည်မျှပင်ပစ္စည်းကောင်းသော်
လည်း...အချိန်တိုအတွင်းမှာပျက်စီးသွားမှာအသေချာပါ...
ဘာကြောင့်လဲ့ဆိုတော့...air.cond system တခုလုံးအတွင်းမှာ
ရှိနေကြတဲ့...ညစ်ညမ်းနေတဲ့အရာအားလုံးက...air.cond
Gasနဲ့အတူ...compressorထဲကိုပြန်လည်ရောက်ရှိလာကြလို့
ပါပဲ...
ဒါကြောင့်air cond compressor ..လှဲလှယ်ရမည့်အခြေနေ
မျိုးနဲ့ကြုံတွေ့လာခဲ့ရင်...systemတခုလုံးကိုအတတ်နိုင်ဆုံး
ဆေးကြောသန့်ရှင်းပေးပြီး..မှသာလှဲလှယ်သင့်ကြောင်း
ပါခင်ဗျ......system တခုလုံးဆေးကြောသန့်ရှင်းပြီးတဲ့အပြင်
Air.cond fitter..(Receiver /dryer)ပုံ(၁)ကိုတခါတည်းလှဲလှယ်ပေးပြီးrefrigerant oil
အသစ်ထည့်ပြီး...မှသာ...မိမိလိုအပ်သောair.condအအေး
စံချိန်နဲ့...ရေရှည်ခိုင်နိုင်မှာဖြစ်ပါကြောင်းအကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျ.....အသေးစိတ်ရှင်းပြမည်ဆိုလျှင်ရှည်လျားလွန်းလှတာမို့လို့
တကယ်ထိေ၇ာက်မည့်...အကြောင်းရာလေးမျှသာရှင်း
ပြပေးနိုင်တာခွင့်လွတ်ပါခင်ဗျ....အားလုံးစိတ်ချမ်းသာ
ကိုယ်ချမ်းသာဖြင့်...ဘဝကိုဖြတ်သန်းနိုင်ကြပါစေခင်ဗျ..့
 credit by= Kyaw Soe
 

No comments:

Followers