အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday, 31 May 2014

Bruce Lee ပြောတဲ့ မှတ်သားဖွယ်ရာ စကားများ

(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

(၂) သင့်ဘဝကို ချစ်တယ်ဆိုရင် အချိန်တွေကို မဖြုန်းမိပါစေနဲ့။ ဘာလို့ဆိုတော့ အချိန်နဲ့ ဘဝဆိုတာ လေးကို တည်ဆောက်ထားလို့ပါ။

(၃) အခွင့်အရေးရပြီ ဆိုတာနဲ့ အသုံးချတတ်အောင် ကြိုးစားပါ။ ဘာလို့ဆိုတော့ အခွင့်အရေးဆိုတာ ခဏခဏမရလို့ပါ။

(၄) ခက်ထန်မာကြောနေတဲ့ မာန်မာနတွေကို လျော့ချလိုက်ပါ။ ဥပမာ - ဝါးပင်တွေ အရမ်း အပင်မြင့်သောလည်း လေယူရာကို တိမ်းပြီး ယိမ်းနွဲ့လိုက်ပါ တတ်ကြပါတယ်။ လေကြောင့် ကျိုးကြသွားတယ်ဆိုတာ မရှိပါဘူး။

(၅) အနာဂတ်မှ ဘာလုပ်ရမလဲဆိုတာ အမြဲတွေးထားပါ။

ကျော်လင်းနိုင် (ရိုးရာလေး)


No comments:

Followers