အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 16 May 2014

ခ ကွေးမြို့ က ဥယျာဉ်မှူး

ခိုဝင်အိတွဲ နှင်းစက်ခဲနှင့်

ခင်းကဗ္ဗလာ ရင်လွှာပြင်ထက်

ခိုင်မာဆန္ဒ ယုံစွာချ၍

ခင့်တွက်ရည်စူး ဒီစိတ်ကူးဖြင့်

ခါညဥ့်ဦးမှာ ပန်းမာလာ

ချကာယုယ ပျိုးခဲ့တယ်။


ခက်ရွက်နှစ်လွှာ စွင့်ကာလာပြီး

ချစ်ပန်းချစ်ငုံ ချစ်ငုံချစ်ဖူး

ချစ်ဖော်ကြူးတဲ့ ချစ်ပင်လှလှ

ချစ်စရာ့ဟန် ချစ်ထံပေးဖို့ 

ချစ်အတွေးလေး တွေးမိတယ်။


ချစ်သူကမေး ချစ်ပင်လေးကို

ချစ်သူလက်ထက် ပေးအပ်မလား

ခဏမဆိုင်း ချစ်စိတ်တိုင်းကျ

ချစ်စိတ်လှနှင့် ပေးပါ့မည်။


ချစ်လည်းချစ်တယ် ခင်ပျိုရယ်

ချစ်ခွင့်ပန်ချင် ကြင်နာကွယ်

ခင့်နှုတ်ဖျားက ချစ်စကား

ခင့်ရင်ကကြား သနားပါကွယ်

ခက်လက်ရွက်စွယ် ချစ်ပန်းငယ်

ခင်နမ်းဖို့ ကွယ် မောင်ပေးမယ်

ခက်လက်ရွက်ချိုး  မောင့်အဖြစ်ဆိုး

ချစ်ငြှိုးထိလို့  သေပါ့မယ်

ချစ်မောင့်ရင်ခွင် ချစ်သစ်ပင်

ခင်ယူပါတော့ကွယ်.....


လေးစားလျှက်                      

                                                        ရင်ခုန်ရသူ

No comments:

Followers