
ကျားကကြာက်ရတဲ့ မြေခွေး
တစ်ခါတော့ ကျားတစ်ကောင်ဟာ အမဲလိုက်ရင်းနဲ့ မြေခွေးတစ်ကောင်ကို
အရှင်ဖမ်းမိလိုက်ပါတယ်။အဲဒါနဲ့ မြေခွေးကို စားမလို့ပြင်တဲ့အခါ မြေခွေးက
စကားထပြောသတဲ့
"အို အသင်ကျား ကျုပ်ဟာ အသင်စားလို့မရဘူး ဘာလို့လဲဆိုတော့ ကျုပ်ဟာ မိုးနတ်မင်းလွှတ်လိုက်တဲ့ သားရဲကောင်တို့ရဲ့ ဘုရင်ဖြစ်လို့ပဲ"
ကျားက ထရယ်လိုက်တယ် ပြီးတော့ " ကောင်းပြီ မင်းကိုယ်မင်း သားကောင်တွေရဲ့ ဘုရင်လို့ဘယ်လိုသက်သေပြမလဲ "
မြေခွေးကတော့ " ကျုပ် တောအတွင်း လမ်းလျှောက်သွားမယ်
ခင်ဗျားကျုပ်နောက်ကလိုက်ခဲ့ ကျုပ်ကိုမြင်ရင် တောကောင်တွေအားလုံး
ကြောက်လန့်ပြီးထွက်ပြေးကြလိမ့်မယ်"
ကျားကလဲ သဘောတူလိုက်တယ်။ ပြီးတော့ မြေခွေးနောက်က လိုက်တယ်။
မြေခွေးသွားတဲ့လမ်းတစ်လျှောက်က ယုန်တွေ၊သမင်တွေ ၊ဒရယ်တွေဟာ မြေခွေးကို
မြင်တာနဲ့ ထွက်ပြေးကြတယ်။ တကယ်တော့သူက မြေခွေးကို ကြောက်တာမဟုတ်ဘူး၊ကျားကို
မြင်လို့ ပြေးကြတာပါ။
နောက်ဆုံးတော့ မြေခွေးက ဘယ်လိုလဲ ယုံပြီလား လို့ပြောပြီး
လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကိုရွှေကျားကြီး ကြောက်ကြောက်နဲ့ တောထဲကို
တစ်ချိုးထဲ လှည့်ပြေးပါတော့တယ်. . .
ပုံပြင်လေးကတော့ ဒါပါပဲ
ပုံပြင်ကို ဖတ်ရင်း သင်ခန်းစာတစ်ခုခု ရကြပါစေ
ပုံပြင်ကို ဖတ်ရင်း သင်ခန်းစာတစ်ခုခု ရကြပါစေ
မောင်စိုင်း
No comments:
Post a Comment