အလင်းရောင်အစစ်ဆီသို့ 
နှင်းစက်ထွေးထွေး၊မြူဖွေးဖွေးရယ်
ကြယ်ရောင်မလင်း၊လမင်းမသာ
ကမ်းယံကပြို၊တောင်ကညိုနဲ့
အမှောင်ကတိုး၊ဒီညဆိုးမှာ
လမ်းကိုငါလျှောက်၊နက်စောက်ချိုင့်ဝှမ်း
ခရီးကပန်း၊လူလည်းနွမ်းပြီ။
ငါသည်ခရီး၊ဆက်ပြီးသွားက
ဒုက္ခထွေထွေ၊တဏှာပွေမြဲ
သေသော်လည်းမှ၊ငရဲကျမည်
သံသရာစက်၊ဝဲဂယကဲထဲ
ရစ်ဝဲနေလိမ့်မည်။
အမှောင်ကိုခွင်း၊အလင်းရောင်ရှိ
နေ့သစ်သို့ဆီ၊အားမာန်ချီကာ
ဇွဲသန်စွာနဲ့၊ကွန်ယက်ရဲ့နွံ
နစ်မကျွံအောင်၊ငါစွမ်းဆောင်မည်
ရောင်ခြည်ဖြာလျမ်း၊နိမ္ဗာနန်းမှာ
သူသူငါငါ၊လူတကာတွက်
ဖွင့်လျှက်ထားသည်၊သွားနိုင်သည်။
ရင်ခုန်ရသူ
နှင်းစက်ထွေးထွေး၊မြူဖွေးဖွေးရယ်
ကြယ်ရောင်မလင်း၊လမင်းမသာ
ကမ်းယံကပြို၊တောင်ကညိုနဲ့
အမှောင်ကတိုး၊ဒီညဆိုးမှာ
လမ်းကိုငါလျှောက်၊နက်စောက်ချိုင့်ဝှမ်း
ခရီးကပန်း၊လူလည်းနွမ်းပြီ။
ငါသည်ခရီး၊ဆက်ပြီးသွားက
ဒုက္ခထွေထွေ၊တဏှာပွေမြဲ
သေသော်လည်းမှ၊ငရဲကျမည်
သံသရာစက်၊ဝဲဂယကဲထဲ
ရစ်ဝဲနေလိမ့်မည်။
အမှောင်ကိုခွင်း၊အလင်းရောင်ရှိ
နေ့သစ်သို့ဆီ၊အားမာန်ချီကာ
ဇွဲသန်စွာနဲ့၊ကွန်ယက်ရဲ့နွံ
နစ်မကျွံအောင်၊ငါစွမ်းဆောင်မည်
ရောင်ခြည်ဖြာလျမ်း၊နိမ္ဗာနန်းမှာ
သူသူငါငါ၊လူတကာတွက်
ဖွင့်လျှက်ထားသည်၊သွားနိုင်သည်။
ရင်ခုန်ရသူ
1 comment:
ကဗျာလေးကို ဖတ်သွားစေချင်၏
Post a Comment