အနားကိုကပ်၊တစ်ချက်လောက်ခေါက်
တခါးပေါက်ကို၊မြှူချိုအသံ
ခေါ်ပြန်ပါပေါ့၊ခပ်သော့သော့လေး
ချစ်သောမောင်ရေတဲ့။
နှလုံးသားရဲ့၊တခါးရွက်က
အသာယာပွင့်၊အသံလာရာ
နားစွင့်ကာပေါ့။
မြင်ရသည်က
အပြုံးတစ်ပွင့်၊အမုန်းဆင့်ကာ
သုဘဒ္ဒါလို၊ငြိုးမာန်တွေပျိုး
နတ်ဆိုးတစ်ကောင်၊ကျီစယ်သယောင်
ပါးယောင်ထွားထွား၊နားကားကားနဲ့
အချစ်ရဲ့တစ္ဆေမ။
မင်းတခါးဝက
ထွက်သွားပါတော့၊တောင်းပန်ပါတယ်
ငါတကယ်ကြောက်မိ
မင်းရဲ့ကလိမှုတွေ။
အချစ်သရဲမရေ။
လေးစားလျှက်
ရင်ခုန်ရသူ
No comments:
Post a Comment