အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 14 March 2014

နွေရွက်ကြွေ



ဆိတ်ငြိမ်တဲ့  နေ့ ရက်
ခက်ခဲမှုတွေကိုတုပြိုင်
မာဏ္ဍိုင်တွေထူလို့ 
ဘဝလှဖို့  အညတြ အမိုးအကာတွေအောက်
တက်မရှိပဲ လက်ထိုးလှော်ခဲ့ရတယ် အမေ....

လောကမှာ လေ
တုံးအောက်ကဖားလို
ဖိလေပြားလေပုံစံတော့
သမီးမနေချင်ဘူး...
နွားခြေရာခွက်ထက်
ပင်လယ်သမုဒ္ဓရာကို ခုံတက်ဖို့ 
ကြိုးစားခဲ့တယ်...
တကယ်တော့...
ပဲ့ကိုင်ဖူးတဲ့ အမေ့လက်တွေကြောင့်
သမီးကူးခတ်နိုင်ခဲ့တာပါ...

အိမ်ဆိုတာပြန်လာနားခို ဖို့ ဆို..
အမေရော ဘယ်တော့ပြန်လာမှာလဲ
တစ်ယောက်ထဲတွေးမိတိုင်း
နွေမှာကြွေတဲ့  ရော်ရွက်ရိုင်းတွေလို
စိတ်တိုင်းကျ ရွက်လွှင့်ချင်မိတယ်...

အိပ်မက်တွေထွန်းညှိဖို့ 
မီးစာကိုရှာတိုင်း
အမေ့စကားသံတွေ လေလှိုင်းထဲက ကြားနေမိတယ်
သမီး သိသိနဲ့  အမှားတွေလုပ်ချင်မိတယ်
အမေ့ရဲ့ ဆုံးမတဲ့လက်တွေ လိုချင်သေးလို့ 

နွေမှာကြွေ တဲ့သစ်ရွက်လေးလို
ရိုးတံ အိုဆီ ပြန်မသွားနိုင်တော့
ကြွေကျ မြေခခြင်း ရလဒ်နဲ့ 
အဆုံးသတ်ခဲ့ရပေါ့....အမေ...

No comments:

Followers