အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Friday 26 July 2013
ဆေးလိပ်တို နဲ့ တောင်ဝှေးအို
သူလာရာရှာလို့ ကြည့်
မီးရဲကျိကျိ ရှိလို့ နေ အဖေအိုရှိုက်လို့ ခဲ
ဆေးလိပ်တို ကမီးရဲရဲ.....
နေကညိုရီ နောက်ယွန်းပြီ...မကြာခင်မှောင်တော့မည်
ခရီးတစ်ထောက် နားလိုပြီ
တောင်ဝှေးတုတ်ကောက် လမ်းကိုလျှောက်ရင်း
ကျောခင်းအိပ်ယာ ရှာတော့သည်။
ဇရပ်ပျက်အို မိုးကယို အဖေအို နဲ့ ဆုံရပြီ..
ညဥ့်သုံးယံဖြတ် လင်းမနက်မှာ
ဆေးတိုလိပ်ဖွာ သူခေါ်ရာ
ပါးတော်အမြဲ အနားရွဲ လက်စွဲတောင်ဝှေး အိုအိုလေး
သူရဲ့ဘေးမှာခ,စားကာ သူကားမထပြီ..........
သူမနိုးသောရွာ သွားနေခါလည်း
စောင့်နေမြဲသေး ဆေးလိပ်လေးရယ်
သစ္စာနယ်ကနှိုင်းမရ
ခရီးတွေအတူ သွားခဲ့သူ  တောင်ဝှေးလေးက မေတ္တာဖြူ
ဆေးလိပ်တို့ နဲ့  အဖေအို
အဖေအိုနဲ့ တောင်ဝှေးအို
အော်....လောကကို လက်ဆောင်ပျို တစ်ခု
ပေးဆပ်လို့ ပြုခဲ့ ပြီ။..........။
                                လေးစားလျှက်
                                              ရင်ခုန်ရသူ
No comments:
Followers