အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 10 August 2013

တွဲလက်




အတွေးခက်ခက်၊လောကရဲ့မျက်နှာစာပေါ်

ပျော်မရောင်နဲ့ ၊လှောင်ပြောင်ခဲ့တဲ့ နေ့ တွေ

တရွေ့ေ၇ွ့ ကုန်ခမ်း၊ခရီးလမ်းမှာလည်း

ခွန်အားတွေနည်းခဲ့ ရတယ်မောင်....။


မှော်ဝင်ညတွေ၊အိပ်မက်ဆိုးတွေဝေလို့ 

ငိုကြွေးဖို့ တောင်၊မေ့ လို့ နေမိ

မြေနိမ့် ရာလှံစိုက်၊လောက မသမာသူတွေစရိုက်က

ရေနစ်သူ ဝါးကူထိုးတာ၊သူတို့ ဝါသနာတဲ့...မောင်...


အပြာရောင်မိုးကောင်းကင်၊တိမ်တွေကအလှဆင်လည်း

မိုးသည်းညတွေချည်းမို့ ၊မှောင်မိုက်စိုစွတ် လို့ နေဆဲပါ...

အညတရတွေရဲ့ ပါစပ်ထဲ ၊အာခြောက်လို့ နေဆဲပါမောင်....


မောင်..........

အနွေးဓာတ်တွေပေး၊ယုယလို့ ထွေးပိုက်

လမိုက်ညတွေထဲက ကြယ်စင်တွေလို....

ရင်ခွင်မှာ လင်းလက်၊ရေကြည်တွေ ကမ်းဆပ်

ချစ်တတ်ပါနော်မောင်....


တွဲလက်တို့  စုနှောင်၊မယ်နဲ့ မောင်လေ

အားနည်းသူဖေးမ၊ကြင်နာကြမယ်နော်.................





လေးစားချစ်ခင်လျှက်

     ရင်ခုန်ရသူ

No comments:

Followers