အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Friday 30 August 2013

သရေပွဲပါ.....

အချစ်ရေ........
နှစ်တွေလည်းပြောင်း...သက္ကရာဇ်တွေထပ်လောင်းခဲ့
နင်နဲ့ ငါရဲ့..အချစ်..မေ့ပစ်ဖို့ ခက်ခဲ.....
အမြင်တွေလွဲခဲ့ကြတယ်...

အချစ်ရေ....
အမြဲရန်ဖြစ်တတ်တဲ့ နင်နဲ့ ငါ....
မာနတွေတုပြိုင်ရင်း...
ချစ်ခြင်းတွေ မျက်ကွယ်ပြုလို့ ...
ဝေးဖို့ တွေဖြစ်ခဲ့ကြတယ်....

အချစ်ရေ........
ကမ်းလှမ်းဆုပ်ကိုင်မယ့် လက်တစ်စုံကို...
နင်နဲ့ ငါ အတူ..ကြည်ဖြူစွာနဲ့ ..
ပေးအပ်ခဲ့ကြဖူးတယ်နော်...

အချစ်ရေ.....
သေချာပြန်စစ်ဆေးကြမယ်ဆို...
နင်လည်းနာ..ငါလည်းနာ..
နင်လည်းလွမ်း..ငါလည်းလွမ်း...
တို့ အသည်းတွေလည်း...နွမ်းလှပါပြီ...

အချစ်ရေ...
ပြေလည်စွာငြိမ်းချမ်းမှုနဲ့ ...
နှလုံးသားနှစ်ခုကို..အရင်းပြုကြရင်း...
ငါတို့ ချစ်ခြင်းတွေ..အသက်ပြန်သွင်းဖို့ ..
ငါတို့ ရဲ့ မာနတွေနဲ့ ကစားတဲ့gameလေးကို...
သရေပွဲနဲ့ ရပ်ကြပါစို့ ကွာ.....
 
 
 
 
လေးစားလျှက်
 
                            ရင်ခုန်ရသူ

No comments:

Followers