အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday 3 June 2014

Nissan BD25 Engine




ဒီအင်္ဂျင်ကတော့ Nissan BD25 Engine ပါ...
အင်္ဂျင်နိုးထားရင် တောက်တောက်နဲ့ အသံထွက်နေပြီး...
စလိုး(Slow RPM) မှာ နည်းနည်းတုန်ပါတယ်...
မောင်းရင်လည်း ဆွဲအားမကောင်းပါ...
အသံနားထောင်ကြည့်ပြီး အင်္ဂျင်ချရမယ်ပြောတော့...
ပိုင်ရှင်က ဘားသံထင်တယ်ပြောလို့...
ဘားသံဆိုရင် အပတ်ရေ ၁၅၀၀ ကျော်ရင် အသံပျောက်သွားတတ်ကြောင်းနဲ့...
ယခုအသံဟာ ဘားသံနဲ့ဆင်သော်လည်း ဘားသံထက်နည်းနည်းပိုမာပြီး...
အင်္ဂျင်ပတ်ရေ ၃၀၀၀ လောက်မှ အသံနည်းနည်းတိုးသွားပြီး...
အသံမပျောက်ကြောင်းကိုရှင်းပြပါတယ်...
ပစ္စတင်နဲ့ ဆလင်ဒါ(Cylinder) လောင်ပြီး အစင်းရာဖြစ်တာနဲ့ ပစ္စတင်ရင်းကျိုးနေတဲ့အသံဖြစ်နိုင်ပါတယ်လို့ ရှင်းပြတော့ ပိုင်ရှင်ကလက်ခံပါတယ်...
ကွန်နတင်းဘယ်ရင်စားတဲ့ အသံနဲ့ ဘယ်ရင်ပျော်တဲ့အသံဆိုရင်...
အင်္ဂျင်ပတ်ရေတင်လိုက်ရင်ပိုပြီး ကျယ်လာပါတယ်...
ဒါကြောင့် ဘယ်ရင်သံမဟုတ်ကြောင်းလည်းရှင်းပြပါတယ်...
ပိုင်ရှင်သဘောတူလို့ အင်္ဂျင်ချပြီးခွဲကာ ဖြုတ်ကြည့်တော့...
ပုံပါအတိုင်း ပစ္စတင်ရင်း(Piston Ring) ကျိုးနေတာ တွေ့ရပါတယ်...
ဒီလိုဘာဖြစ်လို့ ပစ္စတင်ရိန်းကျိုးသွားရတာလဲဆိုတော့...
အင်္ဂျင်ဝိုင်ကို သက်တမ်းပြည့်သော်လည်း မလဲဘဲ ဆက်သုံးနေကာ...
ခရီးဝေးကို ကုန်ချိန်အလေးတင်ပြီး အမြဲမောင်းနေတာကြောင့်ပါ...
အင်္ဂျင်ဝိုင်သက်တမ်းကုန်တော့ အင်္ဂျင်ဝိုင်ဟာဒီဇယ်အင်္ဂျင်တွေမှာ...
အရမ်းပျစ်လာပြီး...ချောမွေ့အားနည်းသွားခါ...
ပစ္စတင်မီးလောင်ခန်း(Combustion Chamber)တစ်လျောက်...
ပစ္စတင်အတက်အဆင်းလုပ်တဲ့အခါ သက်တမ်းကုန်ပြီး...
အရမ်းပျစ်နေတဲ့ အင်္ဂျင်ဝိုင်က ပစ္စတင်...ပစ္စတင်ရိန်းနဲ့ ဆလင်ဒါ...
မျက်နှာပြင်တို့ကို ချောမွေ့စွာ အတက်အဆင်းလုပ်နိုင်အောင်...
အလုပ်မလုပ်ပေးနိုင်တော့ပါဘူး...
အဲ့လိုဖြစ်လာတဲ့အခါ ပစ္စတင်မီးလောင်ပေါက်ကွဲတဲ့အခါ အရှိန်ပြင်းစွာ...
အောက်ကိုဆင်းရတဲ့ အဆင်းတစ်ချက်(Power Stock)နဲ့...
လေကိုဖိအားနဲ့တွန်းတင်ရတဲ့တစ်ချက်(Compression Stock)စတဲ့...
အတက်အဆင်း ၂ ချက်မှာ ပစ္စတင်နောက်ကို ပစ္စတင်းရိန်းဟာ...
အင်္ဂျင်ဝိုင်ချောမွေ့အားမရှိတဲ့အတွက် အမှီမလိုက်နိုင်ဖြစ်လာပါတယ်...
အဲ့လိုဖြစ်လာချိန်မှာ အဆင်းတစ်ချက်(Power Stock)မှာ...
ပစ္စတင်ရင်းအထိုင်လိုင်း(Ring Grooves)တွေကို...
ပစ္စတင်ရင်းက အပေါ်ဘက်ကိုဖိတွန်းကာ...
အတက်တစ်ချက်(Compression Stock) မှာ...
ပစ္စတင်ရင်းက အောက်ဖက်ကိုဖိတွန်းတာကြောင့်...
ပစ္စတင်ရင်း အထိုင်လိုင်းလေးတွေဟာ ကျယ်လာပါတယ်...
အင်္ဂျင်ဝိုင်သက်တမ်းကုန်ပြီး ဆီပျစ်ကာ ဆီချောမွေ့အားနည်းသွားတဲ့အခါမှာ...
ဆီရင်း(Oil Ring) ကတော့ဆီအမြဲတန်းထိနေရတာမို့ လိုင်းသိပ်မကျယ်ပေမယ့်...
လေရင်း(Second Compression Ring) နဲ့...
မီးရင်း(Top Compression Ring)တို့ကတော့ ဆီလုံးဝနီးပါးမရတော့လို့...
အထက်ကရှင်းပြခဲ့သလို ပစ္စတင်အထိုင်လိုင်းတွေကျယ်လာပါတယ်...
ဒီလိုဖြစ်လာခဲ့ရင်း ပစ္စတင်ရင်းတွေဟာလိုင်းကျယ်သွားလို့...
အောက်နည်းနည်းရောက်သွားပြီး လေဖိအား(Air Compression)
အပြည့်မရှိတော့လို့ ကားဆွဲအားလည်း ကျပါတယ်...
နောက်ခုလိုမျိုးလည်း ပစ္စတင်ရင်း ကျိုးတတ်ပါတယ်...
ခုလို ပစ္စတင်ရင်းကျိုးတဲ့ကားတွေ တော်တော်များများပြင်ခဲ့ဖူးပါတယ်...
ဒါကြောင့် အင်္ဂျင်ကိုင်(Overhual) လုပ်တဲ့အခါ...
ပစ္စတင်းရင်းအသစ်ကို ထည့်ကြည့်ကာ အထက်အောက်လှုပ်နေရင်...
ပစ္စတင်အသစ်လဲသင့်ပါတယ်...
ဒီကားကတော့ပြင်ပြီးမောင်းနေတာ ၁၀ ရက်ကျော်သွားပါပြီ...
ကျွန်တော်အင်္ဂျင်ကိုင်ခဲ့သမျှ ပြန်ချရတယ်လို့လည်း...
တစ်ကြိမ်မှ မရှိခဲ့ပါဘူး...
အင်္ဂျင်ပြန်ဆင်ရင် အေးဆေးစွာသာ ဖြေးဖြေးချင်း ပြန်ဆင်ပါတယ်...
ကားရှင်များအနေနဲ့လည်း မိမိကားကို အမျိုးအစားကောင်းမွန်တဲ့...
အင်္ဂျင်ဝိုင်မျိုးသာ ထည့်သုံးပြီး သတ်မှတ် ကီလို သက်တမ်းကုန်တာနဲ့...
လဲသင့်ကြောင်း အကြံပေးချင်ပါတယ်ခင်ဗျာ...

Toetar Atoe (Online ကားဝပ်ရှော့)

1 comment:

Unknown said...

လေးစားပါဆယ် ဆရာ :D

Followers