****လမ်းခွဲက ...ဂစ်တာ အို****
====================
မိန်းကလေးရေ....
ရှောင်ဖယ်ကာတိမ်းခဲ့ပြီးမှ...
ပြန်ကာလှည့်မကြည့်ပါနဲ့ တော့ကွာ...
အသံကြောင့် ဖားလည်းသေခဲ့ပြီ...
ကာရန်တွေညှိဖို့ ....
သံစဉ်ကြိုးတွေ မင်းဖျက်တောက်ခဲ့ပြီလေ...
အတိတ်ကခြေရာမှာ....
နင်ပဲဆူးစူးခဲ့လား....ငါပဲရူးမူးခဲ့လား...
ငါကိုယ်တိုင်..ဒွိဟတွေကြားမှာ...
ဗျာများနေရတုံးပဲ....
အမုန်းတစ်လက်နဲ့ ...ဆုံးဖြတ်ခဲ့တဲ့ဒီလမ်း...
လွမ်းသည်းရှိ..နွမ်းသည်လည်းရှိခဲ့ပါတယ်...
ကျွမ်းနေတဲ့အသည်းတော့...ဘယ်တော့မှလန်းနိုင်မလဲ..
ဝေခွဲဖို့ လည်း...မတွေးချင်တော့ဘူး...
နင့်ဘက်ကကြည့်တော့လက်ဖဝါး...
အလွှာခြားနေတဲ့ထပ်တူခြင်းတွေ...
ရှာဖွေဖို့ သီအိုရီတွေ...လမ်းစပျောက်ခဲ့တယ်..
ဒီတော့ဟာ...ပြတ်ခဲ့တဲ့ကြိုးတွေ...လိုက်ကောက်ချင်လည်း
တီးခတ်ဖို့  လက်တစ်စုံ...ငါ့အနားမှာမရှိတော့ဘူးလေ.....
ရင်ခုန်ရသူ(ဇန်နဝါရီ ၂၀၁၄)
No comments:
Post a Comment