အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday, 19 December 2012

ဘဝအမြင်

ဘဝဆို တာကျနော်တို့ ဖြစ်ခဲ့တာတွေရော ဖြစ်နေတာတွေရော အားလုံးကို ပြောတာပါ။

ဘဝဆိုတာ အလွန်ပင်တိုတောင်းလှတယ်လို့ ကျနော်တို့  ဘုရားရှင်က ဟောထားပါတယ်။

ဒါကြောင့်ကျနော်အနေနဲ့  ဘဝဆိုတာကို ဇာတ်သဘင် တစ်ခု ကပြဖျော်ဖြေနေသည်ဟု မြင်ပါတယ်။

ဘဝမှာ ကန့် လန့် ကာ စဖွင့်ချိန် ကစလို့  ကျရာနေရာ အခန်းကနေ ဝင်ရောက် လှုပ်ရှားနေကြရပါတယ်။

လူရွှင်တော်နေရာမှာ ရောက်နေသူဟာ ပရိတ်သတ်ကို ရယ်မောအောင် ပြောရဆိုရပါတယ်။

ပရိသတ်နေရာမှာ ရှိနေသူမှာလည်း ရယ်စရာတွေ့ ကရယ်၊ပြုံးစရာတွေ ကပြုံး၊မဲ့ရမည့်နေရာမဲ့၊

ငိုရမည့်နေရာငိုရပါတယ်။ဒီလိုမှ ပရိတ်သတ်ပီသပါပေလိမ့် မယ်၊လူရွှင်တော်ပီသပါပေလိမ့်မယ်။

ဘဝမှာလည်း ပွဲကြည့်ပရိတ်သတ်ဆိုလျှင် ငိုတတ်၊ရယ်တတ်၊ပြုံးတတ်၊မဲ့တတ်ဖို့ လိုတယ်။

ဘဝမှာ ခေါင်းဆောင်မင်းသားနေရာမှာကျလျှင် မင်းသားကောင်းတစ်လက်ဖြစ်ဖို့ ကြိုးစား ကပြရပါတယ်။

ဘဝမှာလည်း ခေါင်းဆောင်နေရာရောက်လျှင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လို အပ်ပေတယ်။

ဒါရိုက်တာမှာလည်း သူလိုချင်တဲ့ပုံစံကို သူ့ ရဲ့ဇတ်မှာပါဝင်တဲ့ ကပြဖျော်ဖြေသူတွေကို ပြောပြ ညွှန်ပြရပါတယ်။

ဘဝမှာလည်း ညွှန်ကြားသူနေရာရောက်လျှင် စနစ်တကျ ပြောတတ် ဆိုတတ်၊စီစဉ်တတ်ရန်လိုအပ်ပေသည်။

နှစ်ပါးအကမှာ နှစ်ယောက်က,မှပြီးမြောက် အောင်မြင်သလို ဘဝမှာလည်း အများဖြင့်လုပ်မှ ပြီးမြောက်အောင်မြင်တာတွေရှိပါတယ်။

ဒါကြောင့် မိမိဘဝမှာ ကျရာနေရာကနေ အကောင်းဆုံး လုပ်ဆောင်တတ်ဖို့ ၊လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

အရန်မင်း သမီးနေရာရောက်သော် ခေါင်းဆောင် မင်းသမီး၊မင်းသားကို အကောင်းဆုံးပံ့ပိုးတတ်မှ

အရန်ကောင်းတစ်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်။ဘဝမှာလည်း ပံ့ပိုးရာနေရာရောက်လျှင် အကောင်းဆုံး ပံ့ပိုးနိုင်ရမယ်။

ဆိုင်းဆရာနေရာရောက်လျှင် ကပြသူနှင့်အတူ ဟန်ချက်ညီညီတီးခတ်တတ်၊တီးခတ်နိုင်ရန်လို အပ်ပေသည်။

ထို့ နောက် ဘဝဆိုတာ အားကစားသမားလို  ဘောလုံးအသင်းမှာအများဖြင့် ကစားကြရသည်နှယ်၊

ဝိတ်မ,သမားတစ်ယောက်လို လေးလံသော အရာကို တစ်ယောက်တည်း မ,ရသည်လည်းရှိပေသည်။

ဘဝဆိုတာ စစ်တုရင်ကစားပွဲလို ဘေးထိုင်နေရတဲ့အခါရှိသလို ဝင်ပါလိုက်ရသောအခါများလည်းရှိလေသည်။

ဘဝဆိုတာ ဘင်ခရာ ဝိုင်းသမားတစ်ယောက်လို ဘင်ခရာလို အုန်းဒိုင်းကျဲတီးခတ်ရတာ ရှိသလို ၊ဝီစီလေးလို

တရွှီရွှီနဲ့ အေးအေးညင်သာ မှုတ်ရတာလည်းရှိလေသည်။ဘဝဆိုတာ ညဘက်ရှိသလို နေ့ ဘက်လည်းရှိလေသည်။

ဘဝဆိုတာ အရက်သမားတစ်ယောက်ကပြောသလို ဘီယာလိုများများသောက်မှမူးတတ်တာရှိသလို

ဝီစကီလို နည်းနည်းလေးသောက်တာနဲ့ မူးတတ်တာလည်းရှိပေသည်။ဘဝတိုတာ

ဘာမှမလုပ်ပဲဝေလေလေလုပ်နေလျှင် ဘာမှဖြစ်မလာပဲ ဝါးတားတားအဖြစ်နဲ့ သာလျှင် နိဂုံးချုပ်ရတတ်လေသည်။

ဘဝဆိုတာ ဘာမှဖြစ်မလားသေးတာကိုမျှော်လင့်နေရန်မလိုပါ။လက်ရှိ အချိန်မှာ အကောင်းဆုံးဖြစ်အောင်

ပါးနပ်စွာလုပ်ဆောင်တတ်ရန်သာလို အပ်အပ်ပေ သည်။ ဘဝဆို တာ ပညာတတ်တစ်ယောက်ရဲ့ စကားလို

ဘွဲ့ တစ်ခုရဖို့  ဝရိယ၊ဇွဲ၊လုံ့ လတို့ ဖြင့် စုပေါင်း အားထုတ်ရပေသည်။

ဒါကြောင့် ဘဝဆိုတာ အမျိုးမျိုး ရှိပေသည်။သူငယ်ချင်းတို့ လည်း သူငယ်ချင်းတို့ ကျရာနေရာကနေ

သူငယ်ချင်းတို့ ဘဝတွေကို အကောင်းဖြစ်အောင် နေထိုင် သင့်ပေသည်။

မိမိဘဝကို မိမိသာလျှင် ဖန်တီးနိုင်ပေသည်။

အကောင်းဆုံး ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

လေးစားလျှက်

ရင်ခုန်ရသူ

1 comment:

စံပယ်ချို said...

ဘ၀ အမြင်နဲ့ပတ်သက်တဲ့ မှတ်သားစရာလေးတွေဖတ်ခဲ့ မှတ်ခဲ့ပါတယ်နော်

Followers