စမ်းလေပြေ
ကမ်းခြေမှာလှိုင်းကြက်ခွပ်တော့
ဝင်ကစွပ်တို့ရွှင်ကြည်
ကြင်သူနှင့်နွှဲ။
လွမ်းရဝေ
ကျွမ်းပွေအောင် သူဖန်လေတော့
တူဆုံရန်အရေးမှာဖြင့်
ဝေးလွင့်ပေါ့လေး။
မြိုင်ယံတော
ကြိုင်လျံပေါပါတဲ့ ပန်းမာလာ
ဖြူနီပြာရောင်စုံဖြာလို့
သောင်ခုံမှာကျဲ။
လှိုင်မေတ္တာ
ပိုင်သူညှာ မသိလေတော့
ရှိစေတော့ အတိတ်ကံရယ်ကြောင့်
အို နောင်ကွယ်ကြင်ပါ့လေး။
ဗွေမယူ
ဖွေသူဟာ အစရှာလို့
အပြစ်သာမြင်ချင်လေတော့
ခင်စေရာပေါ့ကွယ်။
နွေအပူ
ခွေငြူကာယိုင်ချင့်လို
ဖြိုင်ဆင့်အို အပင်ရိပ်မှာ
သခင်ကြောင့်ဆွေး။
လေးစားလျှက်
4 comments:
ကာရံတွေ လှလွန်းတဲ့ ကဗျာကောင်းလေးပါပဲ ။
နွေအပူ
ခွေငြူကာယိုင်ချင့်လို
ဖြိုင်ဆင့်အို အပင်ရိပ်မှာ
သခင်ကြောင့်ဆွေး။
မြန်မာကဗျာစစ်စစ် ကာရန်လှလှလေးကို
နှစ်သက်စွာခံစားခဲ့ပါတယ်နော်....
နောက်ဆုံးပုဒ် အဆုံးသတ်လေးတော်တော်လှတယ် :)
အားပေးသောကိုကိုမမတို့ကိုကျေးဇူးတင်ပါတယ်နော်
Post a Comment