အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Tuesday, 8 January 2013

ရောင်စုံညီးတဲ့နေ့

အရှေ့ကျွန်းမှာလ

နေဝန်းရယ်တဲ့ထွန်းသစ်ပြီ

ဖန်ဆွတ်ရည်ဆင်ကာမြန်း

မထေရ်ရှင်ကြွလှမ်း၍လာလေပြီ။

အိမ်မရှင်နှမထွေးရယ်

ရာဂုငယ်အသွင်ခပ်ပါလို့

မျိုးသံဃာသူတော်တို့ထံ

လောင်းရန်ကွဲ့လေး။

နှောင်းဘဝရယ်ကုသိုလ်

မစိုခဲ့လေရော့ထင့်

ခုချင့်လျှင်ရင်နာမိပေါ့

ဒီတစ်ကျော့တော့မခံ

မဂ္ဂင်ပျံဖောင်ဆန်စီး

နိဗ္ဗူခရီးလှမ်းဖို့ဆောင်

မြန်းစို့အောင်တူကွဲ့လေး။

ကံလေးရယ်ဖန်

လှူရန်ကွယ်ကြုံကြိုက်ပြီမို့

မှောင်ညှို့တဲ့အတိတ်ကံ

တဆိတ်ပြန်ထိန်ညီးရာပါ

ဦးခိုက်ကြစို့တူနှစ်ကိုယ်

တောင်းဆုပျိုရည်ရွယ်မှန်း

လှမ်းအောင်ကွဲ့လေး။

နေဝန်းနီဖန်ဆွတ်ရည်အသွင်ဆန်း

ဘဝင်ချမ်းမြ လင်းလက်ကြည်

ဇဗ္ဗူဒိပ်ဒီတစ်ကျွန်းမှာ

ထွန်းတောက်လို့သာစွတည်

သြဘာချီနမိတ်ကယ်

ဟန်ချက်ရယ်ညီပါဘိလေး။

လေးစားလျှက်

No comments:

Followers