ညိုလဲ့မျက်ဝန်း၊အလှရွှန်းဝေ
ကိုယ်နေဟန်လေး၊ယဉ်စလေးမို့
စွဲလို့တွယ်ညိ၊အသည်းထိအောင်
ပါးချိုင့်ယောင်က၊အလှပိုကာ
ချစ်စရာကွယ်၊ခင်ပျိုရယ်။
နှလုံးခုန်တက်၊စည်းချက်တိုင်းမှာ
သူသာစိုးမိုး၊တိတ်တခိုးရယ်
ဖြူလွှသားရေ၊စိုပြေအိစက်
မထိရက်စွာ၊နံသာဖက်ပေါင်း
တစ်သောင်းအလှ၊ယှဉ်မရပါ
သာလို့လွန်ကဲ၊သူပါပဲမို့။
အပြုံးကလေး၊ရေးရေးမြင်တော့
မေ့လျော့နေတဲ့၊ကို့ရဲ့အသည်း
မရဲတရဲ၊လူးလဲထမိ
အချစ်၏မြှုံး၊အတုံးရုံးဝင်
သူမကြင်က၊နွမ်းခွေရမည်
ကမ္ဘာတည်လည်း၊ငိုပွဲဖြင့်သာ
ကြင်နာလေမှ၊ပျော်ရွှင်ရမို့
ကမ်းလို့ကြိုပါ၊တစ်စုံသာလက်
အသည်းထက်ဝယ်၊ချစ်ရသူရယ်။
လေးစားလျှက်
No comments:
Post a Comment