ခဏလေးမြင်၊ဒီရင်ခုန်မိ
သူ့အကြည့်က၊ညှို့လှလေတယ်
ခန္ဓာသွယ်လျ၊ဖြူလွသားရေ
စိုပြေအိစက်၊မဲနက်ကေသာ
ပိတုန်းပမာ၊ယဉ်ရှာစကား
သကာပျားလို၊နားဝင်ချိုတယ်
ညွှတ်သွယ်နှုတ်ခမ်း၊ပန်းရောင်လွှမ်းတဲ့
ခင်ရဲ့မျက်နှာ၊နန်းသူဇာလား
ထင်မှားစရာ၊လှရက်ရှာတယ်။
သက်ထားကညာ၊ဒီရင်မှာထိ
လှိုက်ဖိုမိပြီ၊ချစ်သက်ရည်ကာ
ခင့်ထံမှာပင်၊တိုးဝင်တောင်းခံ
တုန့်ပြန်စကား၊မောင်ကြားရစေ
သူဇာမေရေ။
အလွမ်းမဝေ၊ဆွေးမနေပဲ
ချစ်ပွဲနွှဲချင်၊မုန်းမခင်နဲ့
ဘဝင်သဲ့မှာ၊နှစ်သက်စွာဖြင့်
ချစ်ခွင့်ကလေး၊ပေးပါစေချင်။
လေးစားလျှက်
1 comment:
သက်ထားကညာ၊ဒီရင်မှာထိ
လှိုက်ဖိုမိပြီ၊ချစ်သက်ရည်ကာ
ခင့်ထံမှာပင်၊တိုးဝင်တောင်းခံ
တုန့်ပြန်စကား၊မောင်ကြားရစေ
သူဇာမေရေ....:)
Post a Comment