ချစ်သောမေမေသိပါစေ
သားတို့ရင်မှာစမ်းရေပမာ
တသွင်သွင်စီးနေတာအမေတ္တာပါ
အမေတိုင်းဟာသားတို့ကမ္ဘာ
အစဉ်ထာဝရရှိနေတာ။
အသံတွေတုန်ခါးကိုင်းပါစေ
အမေ့မေတ္တာတွေသန်မာဆဲပါ
ဆံဖြူသွားကျိုးအရေတင်အရိုးဖြစ်ပါစေ
သားတို့ရင်မှာအမေဟာ
ပျိုမျစ်သန့်စင်လှပနေမြဲပါ
စကားချိုတွေတီတီတာတာမပြောတော့ပေမဲ့
အမေ့ရဲ့မေတ္တာစကားတွေ
သားတို့ကြားယောင်ဆဲပါ
သားတို့ကိုကြင်နာထွေးပွေ့မှုမပေးနိုင်တော့ပေမဲ့
နွေးလို့နေမြဲပါအမေ။
စမ်းရေလိုအေးနေခြည်လိုနွေးတဲ့
အမေ့ရဲ့မေတ္တာတေးတွေ
အဝေးဆီမှာပဲ့တင်ထပ်နေဆဲပါ
အမေတို့အားထား
အမေတို့သားတွေရှိပါတယ်
အမေတို့ရဲ့ထီး
အမေတို့သမီးတွေရှိပါတယ်
အားမငယ်ပါနဲ့အမေတို့
သားတို့ခွန်သမီးတို့အားနဲ့
အမေတို့ကိုပြုစုမယ်၊ယုယမယ်
ချစ်သောမေမေ(များ)ရယ်....။
Published with Blogger-droid v2.0.10
No comments:
Post a Comment