တစ်ခုသောညရဲ့ကောင်းကင်
ကြယ်တာရာစုံကာလင်း
လမင်းလည်းဝင်းပါသည်
မှန်ရွှေပြူတင်းမှာတော့
သူကပေါ်မလာပါ။
အဆောင်သူမြသက်ဖူး
အချစ်ဦးသူမောင့်မေပျို
တေးချိုချိုလေးသီလို့ပေး
ကိုသိန်းတန်ရဲ့တေးနဲ့ပေါ့။
ဖိုးလမင်းကိုအောင်သွယ်ခိုင်း
သူ့ကိုချစ်တဲ့အကြောင်း
ပြန်ပြောင်းပြောစေ။
ဖိုးရွှေလမင်းတိမ်မြူကင်းမို့
ဝင်းလို့စိုပြေမေ့မျက်ရွှေကို
ဘဝင်ဖိုကာစောင့်မျှော်နေရဲ့
အလွမ်းသဲ့သဲ့နဲ့ပေါ့။
မောင့်သီချင်းသံဆုံး
မေ့အသည်းနှလုံး
ကြည်နူးမှုအပြုံးတွေဖုံးကာ
အကြင်နာညချမ်းမှာ
မောင့်အနမ်းများနှင့်
မှေးစက်ပါချစ်သူ။
မှတ်ချက်။။ဂစ်တာမတီးတတ်လို့မယ်ဒလင်နဲ့ဆိုခဲ့ရခြင်းပါ။
လေးစားလျှက်
ရင်ခုန်ရသူ
1 comment:
ဖိုးရွှေလမင်းတိမ်မြူကင်းမို့
ဝင်းလို့စိုပြေမေ့မျက်ရွှေကို
ဘဝင်ဖိုကာစောင့်မျှော်နေရဲ့
အလွမ်းသဲ့သဲ့နဲ့ပေါ့။
မောင့်သီချင်းသံဆုံး
မေ့အသည်းနှလုံး
ကြည်နူးမှုအပြုံးတွေဖုံးကာ
အကြင်နာညချမ်းမှာ
မောင့်အနမ်းများနှင့်
မှေးစက်ပါချစ်သူ...
ကဗျာလေးကြိုက်ကြိုက်....အဆောင်ကိုလွမ်းထှာ...
Post a Comment