အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday 15 May 2013

ရင်ထဲကဒဏ်ရာ

ရူးကြောင်ကြောင်ငါ့ရဲ့အတွေးနဲ့
တစ်ခေါက်မှမလျှောက်ဖူးတဲ့လမ်းပေါ်ကို

ယောင်လည်လည်နဲ့ငါလျှောက်ခဲ့မိတယ်

ဘာမသိညာမသိရောက်လို့သွားတာက

မာယာတွေနဲ့ဖုံးလွှမ်းနေတဲ့

မင်းအမုန်းများရဲ့နယ်ပယ်

"ကယ်ပါဦး"လို့တောင်မအော်နိုင်ခဲ့

ယိုင်နဲ့နဲ့နစ်ကျွံနေတာသိရက်

ရုန်းမထွက်နိုင်ခဲ့ဘူးလေ.......။



အဆုံးသတ်မှာငါရတာက

နှလုံးသားရဲ့ဝေဒနာ

ဖြေစရာပင်ဆေးမရှိခဲ့

ဝေမှငါသိလိုက်ရတာကတော့

ကျော့ကျော့လေးထွက်သွားတဲ့မင်းခြေလှမ်း

"နေခဲ့စမ်း"လို့တောင်နှုတ်မဆက်

ရုတ်တရက်ကြီးငါ့အသည်းကို

နင်ခွဲလို့သွားပေမဲ့

စွဲစွဲမြဲမြဲရှိသွားခဲ့တယ်.......။




မင်းရဲ့ရင်ထဲ

မုန်တိုင်းတွေဆဲနှင်းတို့ကွဲပြီး

ယောင်ယမ်းကာသတိရရင်

ငါ့ကိုမမေ့ပါနဲ့

မခုန်တစ်ချက်ခုန်တစ်ချက်ငါ့နှလုံးသား

မင်းအတွက်တခါးဖွင့်ထားမယ်

သိပ်ချစ်လို့ရယ်တော့မထင်နဲ့

နာကျင်ခဲ့တဲ့ငါ့အသည်းက

ကလဲ့စာချေဖို့ဆိုတာမင်းသိထား.......။


လေးစားလျှက်

1 comment:

Unknown said...

ကဗျာတွေက အရမ်းကောင်းတယ် ကျွန်တော်တို့လို ပညာမတတ်သူတွေအတွက် သိခွှင် ဖတ်ခွှတ်ရတဲ့ကျေးဇူးပါ ကဗျာစပ်နည်းများကိုလည်း a.naing.mal@gmail.com ကိုပေးပို့ပေးပါလို အကူညီတောင်းပါရစေ ..ပညာ သင်လိုသူပါ ကျေးဇူးတင်ပါတယ် အောင်မြင်ပါစေ...

Followers