အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday 25 February 2013

ထမနဲပေါက်လဲနဲ့ကုံရာသီ


ဆွေအတူနွှဲ၊ထမနဲကို
ပြိုင်ကာရယ်ထိုး၊ဟိုအိုးကညံ
သည်အိုးကညံ၊ယောက္မသံများ
ထပ်မနားပေး၊ဦးလေးဘကြီး
လက်မောင်းကြီးများ၊ကြီးမားပုံမှာ
တို့ရွာဦးက၊တုံးမောင်းဟုထင်
ထမနဲပြင်၊စုံလင်ထည့်လို့
ချိုစိမ့်အီလင်၊စားချင်လိုက
မြန်းကြွခဲ့ရှင်၊ရွာဦးရှင်ထံ
ကပ်ရန်မနက်၊အာရုံတက်မှာ
သူငါများစုံ၊စုရုံချီကာ
ရွာရဲ့သာပုံ၊ရှုမကုန်နိုင်။
လမ်းဘေးဘီဝဲ၊ပေါက်လဲငယ်လှိုင်
နီပြိုင်ပြိုင်နဲ့၊ဝါလဲ့တစ်ခါ
ဆက်ရက်ကယ်သာ၊မိုးလုံးဖြာအောင်
ညီလာခံနွှဲ၊ခြိမ့်ခြိမ့်သဲလို့
နွေသို့အကြို၊ဥဩပျိုက
ပင်အိုထက်ဆီ၊တစ်ကိုယ်အီလျှက်
အလွမ်းဓါတ်ကို၊ငိုမလိုနွှဲ
ပေါက်ပန်းလယ်ဝေ့၊လေအသွေ့မှာ
ခြွေကာဆင်းတော့၊မြူကထန့်စို
ဟေမန်အိုလည်း၊ပြိုလဲနှုတ်ဆက်
နွေဦးတက်မှာ၊လေရူးသက်တော့
ခွေးတို့လည်းရူး၊ကုံရာသီမြူး
အလွမ်းကြူးရ၊တပို့တွဲလ။
လေးစားလျှက်ံ

2 comments:

စံပယ်ချို said...

ထမနှဲစားချင်နေပါတယ်ဆိုမှပဲ မလုပ်တတ်လို့
ဒီကဗျာဖတ်ပြီးပိုလို့စားချင်မိတယ်

မိုးနတ်ကြယ်စင် said...

အိမ်မှာတောင် ဒီနေ့လာဝေသွားသေးတယ်..
၂ထုပ်တောင်..အရမ်းကြိုက်တယ်...ထမနဲ :)))

Followers