ကျွန်တော်ကျွန်တော်နဲ့အမြဲပြော
မန်းမြို့သူပျိုဖြူချောရယ်
အသားတော်ညိုပြာညက်ကယ်နှင့်
တင့်ဆန်းပါဘိကိုယ်နေဟန်။
မန်းကျုံးရေချိုချိုအေး
ချိုးချင်ပါသေး။
အလှမ်းမဝေးပေါင်မန္တလေးတောင်
မြွေကြီးနှစ်ကောင်လည်း
တွေ့ချင်ပါသေး။
ဈေးချိုဘက်လည်းလျှောက်လည်မယ်
မြင်းလှည်းလေးနဲ့ကွယ်
စက်ဘီးလေးလည်းစီးကြမယ်။
မဟာမြတ်မုနိဘုရားကြီးအား
ဖူးလို့မျှော်ချင်သား။
ဦးပိန်တတားလည်းလျှောက်ဦးမယ်
လိုက်ကာပို့ပေါ့ပျိုဖြူရယ်
နှစ်ကိုယ်တူပျော်မြူးကြမယ်ကွယ်။
ရထားကြီးကိုငြိမ့်ငြိမ့်စီး
ဘူတာကြီးထဲဆီးလို့ကြို
မျက်နှာပြုံးချိုချို
မောင့်အသည်းပို
မန်းခင်ပျို.......။
လေးစားလျှက်
**-ရင်ခုန်ရသူ**
1 comment:
မန်းသူလေး သိအောင် ပြောပြလိုက်လေ..ဒါမှမဟုတ်..
ခုကဗျာကို ဖတ်ခိုင်းလိုက်...:) စတာပါ..ဒါက ကဗျာအနေနဲ့
ရေးထားတာ မဟုတ်လား....:P
Post a Comment