ရွာထိပ်ကဖိုးဖြူ
မတင်မေနဲ့ကျူတူတူ
ဝါလကင်းမှာယူ။
ရွာထိပ်ကဖိုးဖြူ
ဟိုမှာလည်းသူဒီမှာသူ
အလုပ်များတဲ့သူ၊။
ရွာထိပ်ကဖိုးဖြူ
မီးဖိုဆောင်ထဲသူဝင်ကူ
ခွေးဝက်ကယ်ကအူ။
ရွာထိပ်ကဖိုးဖြူ
ရွာသူကြီးကခေါ်တော်မူ
သစ်ပင်စိုက်ဖို့ဆူ။
ရွာထိပ်ကဖိုးဖြူ
သူကလေးခုနှစ်ယောက်ယူ
နောက်တစ်ဗိုက်ကပြူ။
ရွာထိပ်ကဖိုးဖြူ
နိဗ္ဗာနပစ္စယောလှူ
တစ်ရွာလုံးဂုဏ်ယူ။
ရွာထိပ်ကဖိုးဖြူ
အသက်လေးကခြောက်ဆယ်ပြူ
သီလလေးနဲ့သူ။
ရွာထိပ်ကဖိုးဖြူ
ခြောက်ပေသုံးပေခန်းအဖြူ
သူ့တွက်နေရာယူ။
ရွာထိပ်ကဖိုးဖြူ
အဝတ်ဆင်တာတကျူကျူ
သူ့ကုသိုလ်ကကူ။
လေးစားလျှက်
ရင်ခုန်ရသူ
4 comments:
ဖိုးဖြူ မတင်မေကိုကျူတဲ့ကဗျာလေး
အရမ်းဖတ်ကောင်းတယ်
သဘောကျသွားတယ် ကိုဖိုးဖြူး)
ဟော
တော့ ကဖိုးဖြူ :)
ကောင်းပါပေ့ ကဖိုးဖြူ..:P
ကောင်းမှကောင်း ။ကဗျာလေးက အရသာရှိတယ် ။
Post a Comment