အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Sunday, 6 January 2013

***တက်လူတွေ***

ဘဝခရီး၊ရင်းနှီးလုံ့လ

နိုးထကြိုးစား၊အမှားအမှန်

ဝေဖန်ပိုင်းခြား၊တားဆီးတံတိုင်း

မုန်တိုင်းကြမ်းတမ်း၊ရေဆန်လမ်းထဲ

ရေဝဲယဟတ်၊ကူးခတ်လွန်မြောက်

ထွန်းတောက်မည့်ကြယ်၊နောင်ဝယ်တစ်ခေတ်

ပေါ်လွင်သစ်ကာ၊ကမ္ဘာလယ်မှာ

မြန်မာ့သားကောင်း၊လူငယ်ပေါင်းတို့

ယုံကြည်မှုတည်၊စိတ်ကြည်မှန်မတ်

ရှေ့တက်တစ်လှမ်း၊ပန်းတိုင်ကိုရည်

ဇာနည်မျိုးမြတ်၊တန်ခိုးထက်ထက်

သခင်ဇတ်မို့၊ကြိုးလို့ပန်းတိုင်

လှမ်းကိုင်နိုင်စေ၊တက်လူတွေရေ။

လေးစားလျှက်

1 comment:

မိုးနတ်ကြယ်စင် said...

ကဗျာလာဖတ်သွားတယ်ရှင့်....:)

Followers