(က)အတွင်းမီးကို အပြင်သို့ မထုတ်ရ=အိမ်တွင်းကိစ္စ လူမှုရေးပြဿနာကို တစိမ်းတရံများကို မပြောရ။
(ခ) ပြင်ပမိးကို အိမ်နါင်းသို့ မသွင်းရ =မိမိတို့ မိသားစုကို ပြစ်တင်ပြောကြားခြင်း၊မသက်ဆိုင်သောလူမှုရေး
ရာတို့ ကို အိမ်တွင်းသို့  မသွတ်သွင်းရဒ
(ဂ) ပေးသောသူကိုပေးအပ်၏ =ပစ္စည်းဥစ္စာကို ချေးငှားပြီးပြန်လည်ပေးဆပ်သူကိုသာ ပေးအပ်ချေး
ငှားရမည်။
(ဃ)မပေးသောသူကိုမပေးအပ် =ပစ္စည်းဥစ္စာကို ချေးငှားပြီးပြန်လည် ပေးအပ်ခြင်းမရှိသူကို ပေးအပ်
ချေးငှားခြင်းမပြုရ။
(င)ပေးအပ်သောသူနှင့် မပေး
အပ်သောသူကိုပါပေးအပ်ရာ၏ =ချေးငှားပြီးပြန်လည်ပေးအပ်သောသူကိုသာမက စီးပွားရေးအခြေ
နေ မပြေလည်သဖြင့်ပြန်လည်မပေးအပ်နိုင်သူဖြစ်ပါက လူမှုရေး
ရှုထောင့်မှကြည့်ကာ ထောက်ထားစာနာ၍ပေးအပ်ရမည်။
(စ)ချမ်းသာစွာနေထိုင်အပ်၏ =မိဘ၊ယောက္ခမ၊ခင်ပွန်းလင်တို့ ရှေ့ မှောက်တွင် သင့်တင့်လျှောက်
ပတ်သောနေရာတွင်ထိုင်ရမည်။
(ဆ)ချမ်းသာစွာစားအပ်၏ =မိဘ၊ယောက္ခမ။ချစ်လင်တို့ ကို ကျွေးမွေးပြုစုပြီးမှ မိမိကစာသောက်
ရမည်။
(ဇ)ချမ်းသာစွအိပ်အပ်၏ =မိဘ၊ယောက္ခမ၊ချစ်လင်တို့ကို ပြုစုပြီး အိပ်ယာဝင်ပြီးသောအခါမှ မိမိ
က အိပ်ယာဝင်ရမည်။
(ဈ)မီးကိုရိုသေအပ်၏ =မိဘ၊ယောက္ခမတို့ ကိုမီးပုံကြီးကဲ့သို့  ချစ်ကြောက်ရိုသေလေးစား
ရမည်။
(ည)အိမ်ဦးနတ်ကိုရှိခိုးပါ =မိဘ၊ယောက္ခမ၊ချစ်လင်တို့ ကို နတ်ကဲ့သို့ ရိုသေလေးစားရမည်၊
No comments:
Post a Comment